ရေဝင်ရောက်မှုဖြစ်ပွားခဲ့သော အမရပူရမြို့နယ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူ များနေထိုင်သည့် ရေဘေးရှောင်စခန်း၌ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၃

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေစိမ့်ဝင်ပြီး တာဘောင်ကျိုးကာ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သော မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ မှန်တန်းရပ်ကွက်၊ ယင်းတော် ရပ်ကွက်၊ ဈေးချိုရပ်ကွက်နှင့် ကျန်းတန်း ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၁ ရက်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေး အဖွဲ့က ယာယီရေဘေးရှောင်စခန်းများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် နယ်မြေခံဆေးတပ်ရင်းမှ တပ်မတော်သားများက ရေဘေးရှောင်ပြည်သူများ အသုံးပြုလျက်ရှိသည့်နေရာများနှင့် အများသုံးအိမ်သာများအား သွေးလွန်တုပ်ကွေး နှင့်ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment