ရေစိမ့်ဝင်မှုထပ်မံဖြစ်ပေါ်ခဲ့သည့် အမရပူရမြို့နယ်၊ ရေဆိုးထုတ်စက်ရုံအနီးရှိ တာရိုးအား ပြန်လည်ပြုပြင် ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၆

ဇူလိုင် ၁၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေခဲရေဆိုးထုတ် စက်ရုံ၏ ရေဆိုးထုတ် မြောင်းမှတစ်ဆင့် ဧရာဝတီမြစ်ရေမြင့်တက်ပြီး ရေစိမ့်ဝင်မှုကြောင့် ကျိုးပေါက်ပြိုကျခဲ့သော တာရိုးအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများ၊ မန္တလေးတိုင်းဒေသကြီးမီးသတ်တပ် ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ပြန်လည်ပိတ်ဆို့ ပြင်ဆင်ခြင်းများ ဆောင်ရွက် ပြီးဖြစ်သည်။
ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် အဆိုပါနေရာ၏ မြောက်ဘက် ပေ ၂၀ ခန့် အကွာ၌ ရေစိမ့်ထွက်မှုများ ထပ်မံ ဖြစ်ပေါ်နေကြောင်း သိရှိရသဖြင့် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက သဲအိတ်များ ကာရံပြီး ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment