Saturday, July 25, 2020

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးမြေပြိုကျခြင်းများ ဖြစ်ပေါ်၊ နယ်မြေခံတပ်မတော်သားများမှ ကူညီထောက်ပံ့

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးမြေပြိုကျခြင်းများ ဖြစ်ပေါ်၊ နယ်မြေခံ တပ်မတော်သားများမှ ကူညီထောက်ပံ့
==============
နေပြည်တော်၊ ဇူလိုင် - ၂၅

Image may contain: one or more people and people standing
ယနေ့တွင် ဧရာတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်လာသဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်အတွင်း ရေအနက် ၆ လက်မ ခန့် ဝင်ရောက်ခဲ့ရာ ရေဘေးသင့်အိမ်ထောင်စု ၂၅ စုအား ချမ်းသာကြီးဘုရားဝန်းအတွင်း ရွှေ့ပြောင်းနေရာချထားလျက်ရှိပြီး အလားတူပင် ရွှေတောင်မြို့နယ် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာအနီး၌ အမြင့် ၁၅ ပေ၊ အလျား ၁၀၀ ပေ၊ အကျယ် ၃၀၀ ပေခန့် ဧရာဝတီမြစ်ကမ်းပါးပြိုကျခဲ့သဖြင့် မြစ်ကမ်းပါးအနီးရှိ အိမ်ခြေ ၁၈ အိမ်အား မြစ်ကမ်းပါးနှင့်ဝေးရာ အနောက်ဘက်သို့ နယ်မြေခံတပ်မတော်သားများမှ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment