ကာမိုင်းမြို့၊ မြို့မရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ၎င်းတို့၏နေအိမ်များသို့ ပြန်လည် ကူညီ ရွှေ့ပြောင်းပေး
နေပြည်တော်၊ ဇူလိုင် - ၂၈

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အင်းတော်ချောင်းသည် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ကာမိုင်းမြို့နယ်၊ မြို့မရပ်ကွက် အတွင်းသို့ ရေဝင်ရောက်မှု များ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၃၃ စု၊ လူဦးရေ ၁၆၀ ဦးတို့သည် ကာမိုင်းမြို့၊ မြို့မရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝန်းနှင့် မအူပင်ရပ်ကွက်ရှိ အသင်းတော်များပိုင် နေအိမ်များ၌ ခေတ္တ တည်းခိုနေထိုင်လျက်ရှိသည်။
ယခုအခါ ချောင်းရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရေဘေးသင့်ပြည်သူများကို ၎င်းတို့၏နေအိမ်များသို့ နယ်မြေခံ တပ်မတော်သားများက ဇူလိုင် ၂၇ ရက်တွင် ပြန်လည် ရွှေ့ပြောင်းပေးခြင်းနှင့် ရေကျချိန်တွင် တင်ကျန်ခဲ့သည့် နှုံးမြေများအား ဖယ်ရှားခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment