Wednesday, July 22, 2020

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၂


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီအခြေခံပညာ အထက်တန်း ကျောင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် စဝင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိလောဂများ နေရာချထားပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ် မြောင်းများ တူးဖော်ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment