မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်းကျောင်း)သို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်း များ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(အောင်ဆန်းသူရိယ လှသောင်းကျောင်း)မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများကလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ က သွားရောက် လှူဒါန်းသည်။
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများက လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများဖြစ်သည့် Face Mask ၁၀၀၀ ခု၊ Face Shield ၇၀၀ ခု၊ အပူချိန် တိုင်းကိရိယာ ၄ ခုတို့ကို ပေးအပ်လှူဒါန်းရာ ဆရာမတစ်ဦးက လက်ခံရယူပြီး ဆရာ၊ ဆရာမများ ကိုယ်စား ဆရာတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကျောင်းဝင်းအတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment