တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)သို့ ကျောင်းဝတ်စုံ၊ စာရေး ကိရိယာ၊ အားကစား ပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း) သို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ အားကစားပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် ၃၂ သိန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံ ၆၉ စုံ၊ ကျောင်းသုံးဗလာစာအုပ်ဒါဇင် ၅၀ ၊ အားကစားပစ္စည်းများဖြစ်သည့် စားပွဲတင်တင်းနစ်ခုံ၊ ဘောလုံး၊ ပိုက်ကျော်ခြင်းလုံးနှင့်ခြင်းပိုက်၊ ဘော်လီဘောနှင့်ဘော်လီဘော ပိုက်၊ ကိုယ်လက်အားကစားပြုလုပ်ရန်စင်၊ ခြေနင်းအမှိုက်ပုံး၊ လက်ဆေးဘေစင်ပြုလုပ်ရန်ပိုက်များ၊ Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြု Face Shield ၅၀၀ ခုနှင့်ထမင်းဘူးများကို ပေးအပ်လှူဒါန်းရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment