မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေကျင်မြို့၊ ညောင်ဝိုင်း တရုတ်တန်း ရပ်ကွက်၌ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုအား ဖယ်ရှားရှင်းလင်း
နေပြည်တော်၊ ဇူလိုင် - ၂၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် ညောင်ဝိုင်းတရုတ်တန်းရပ်ကွက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအနီးရှိ ညောင်ပင်ကြီးသည်အမြစ်များဆွေးပြီး မြို့ပတ်လမ်းပေါ်သို့ လဲကျကာ လမ်းပိတ်ဆို့မှုဖြစ် ပေါ်ခဲ့သည်။
အဆိုပါလမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ တပ်မတော်သားများက သွားရောက်၍ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment