Monday, July 27, 2020

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် အဟာရ ဖြည့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

မိတ္ထီလာ၊ ဇူလိုင်-၂၈

Image may contain: 1 person, standing
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်း လျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ တပ်မတော်သားများက မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ အာဟာရဖြည့်စားသောက်ဖွယ်ရာ နွားနို့ဗူးများကို သွားရောက်ထောက်ပံ လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

#ထီလာမြေ

0 comments:

Post a Comment