Thursday, July 23, 2020

သာစည်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများပေးအပ်လှူဒါန်း

သာစည်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၃


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း သွားလာ မှုကန့်သတ်ချက်ရှိသဖြင့် တစ်ဖက်တစ်လမ်းမှအထောက်အကူ ဖြစ်စေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများက သာစည်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင် များအတွက် စားသောက်ဖွယ် ရာများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့နယ်များ၌ ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ ဗိုလ်ချုပ် ထင်လင်း၊ တပ်နယ်မှူး ဗိုလ်မှူးကြီး မိုးဟိန်းနှင့် တာဝန်ရှိသူများ၊ မြင်းခြံမြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြမြင့်အောင်၊ သာစည်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကျော်မောင်နှင့် အဆိုပါမြို့နယ်များမှ သဘင်ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဗိုလ်ချုပ် ထင်လင်းက နှုတ်ခွန်းဆက်စကားနှင့် စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြင်းခြံမြို့နယ်၊ သဘင်အစည်းအရုံး အဖွဲ့ဝင် ၄၁၈ ဦးအတွက် တိုင်းစစ်ဌာန ချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများမှ လှူဒါန်းသည့် ဆန် ၁၄၇ အိတ်၊ ဆီ ၂၅၈ ပိဿာ၊ ဆား ၂၂၆ ပိဿာနှင့် ပဲ ၃၈၇ ပိဿာတို့ကိုလည်းကောင်း၊ သာစည်မြို့နယ်၊ သဘင်အစည်းအရုံးအဖွဲ့ဝင် ၁၂၀ ဦးအတွက် တိုင်းစစ်ဌာန ချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများမှ လှူဒါန်းသည့် ဆန် ၄၂ အိတ်၊ ဆီ ၇၄ ပိဿာ၊ ဆား ၆၅ ပိဿာနှင့် ပဲ ၁၁၀ ပိဿာတို့ကိုလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းရာ မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment