Tuesday, July 28, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၈


ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူ နေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူ ဒါန်း လျက်ရှိ သည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်ပြည်သူ့ဆေးရုံနှင့် နမ့်ဆလပ် တိုက်နယ်ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံ ကြီး၊ ညောင်ရွှေမြို့နှင့် ခိုလမ်မြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့၊ ပြည်သူ့ ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံနှင့် လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ ကျေးလက် ကျန်းမာရေးဌာန၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့၊ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ တိုက်နယ်ဆေးရုံ၊ လှည်းကူး မြို့နယ်၊ ဖောင်ကြီးတိုက်နယ်ဆေးရုံ၊ သန်လျင်မြို့နယ်၊ ဒေးဇတ်တိုက်နယ်ဆေးရုံနှင့် ဒလမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ ဆကာကြီးတိုက်နယ် ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့၊ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ မကွေးသင်ကြားရေးဆေးရုံ၊ စေတုတ္တရာ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် ပဲခူးမြို့နယ်၊ ထန်းတောကြီး၊ တိုက်နယ် ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment