လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားနေမှုများအား ဓာတ်ပုံခိုးရိုက်နေသော AA အမာခံတစ်ဦးအား ဖမ်းဆီးရမိ
ဇူလှိုင် -၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ AA အမာခံတစ်ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား ဓာတ်ပုံခိုးရိုက်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းလူငယ်မှာ ဦးမောင်သန်းစိန်၊ ဒေါ်မမူသန်းတို့၏သား အသက် ၂ဝ အရွယ် မောင်ဘိလပ်ဆိုသည့် လူငယ်ဖြစ် ကြောင်း ကျေးရွာ ရာအိမ်မှူးက ပြောကြားသည်။
“နာမည်အရင်းတော့ မသိဘူး။ ရပ်မှာခေါ်တာ ဘိလပ်ရယ်၊စစ်ကြောင်းကို ဓာတ်ပုံခိုးရိုက်နေလို့ ဖမ်းခံရတာပါ၊ အဲ့ဒီ ကောင်လေးက AA အဖွဲ့ရဲ့ အမာခံဖြစ်တယ်ဆိုတာ အခုမှ သိလိုက်ရတယ် " ဟု ၎င်းကပြောသည်။
မောင်ဘိလပ်ကိုမည်သည့်နေရာသို့ ခေါ်ယူသွားခြင်းကို မသိရသေးသော်လည်း မိသားစုများက တွေ့ဆုံရန် ကျောက်ဖြူသို့ လိုက်သွားကြသည်ဟု ၎င်းက ပြောသည်။
ဖြစ်စဉ်မှာ ၎င်းရွာအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကြောင်းအား မောင်ဘိလပ်ဆိုသူနှင့် ၎င်း၏ အပေါင်းအပါ ၂ယောက်တို့က ဓာတ်ပုံခိုးရိုက်ခဲ့ခြင်းဖြစ်သည်။၎င်းတို့ခိုးရိုက်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဘိလပ် ၏ ဖုန်းထဲတွင် AA အဖွဲ့၏ ဓာတ်ပုံများနှင့် ၎င်းတို့နှင့်ဆက်သွယ်ပြောဆိုထားသော ဖုန်း call log များအား တွေ့ရှိခဲ့ခြင်းကြောင့် ဆက်လက်စစ်ဆေးရန်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုနည်းတူ ရေနံတွိန်ကျေးရွာမှလည်း ဇူလိုင် ၁၁ ရက်တွင် AA အမာခံ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား နှစ်ဦး တို့အား ဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ လူငယ် ၇ ဦးကိုမူ အကြမ်းဖက်အမှုနှင့် အမှု ဖွင့်ထားပြီး ရမန်ယူထားကြောင်း သတင်းရရှိသည်။
#MayYuHtarNay

0 comments:
Post a Comment