Friday, July 3, 2020

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နေရာအနီးရှိမသင်္ကာဖွယ်ရာ ၁၂ ဦးအား စစ်ကြောမေးမြန်းရာ AA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ပတ်သက်ဆက်နွယ်မှုမရှိသဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ထံ ပြန်လည်လွှဲပြောင်း

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နေရာအနီးရှိမသင်္ကာဖွယ်ရာ ၁၂ ဦးအား စစ်ကြောမေး မြန်းရာ AA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ပတ်သက်ဆက်နွယ်မှုမရှိသဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ထံ ပြန်လည်လွှဲပြောင်း

နေပြည်တော် ၊ ဇူလိုင် - ၃


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများ ထုတ်ယူရန်အတွက် ကျောက်ဖြူမြို့သို့ မောင်းနှင်လာ သော တပ်မတော်ယာဉ်တန်းအား ဇွန် ၃ဝ ရက်တွင် AA အကြမ်းဖက် သောင်းကျန်း သူများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ပြီး ဝန်းကျင် တစ်ဝိုက်အား အသေးစိတ်စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသား ၁ဝ ဦးနှင့် အမျိုးသမီး ၂ ဦးအား တွေ့ရှိခဲ့ရသဖြင့် ကျောက်ဖြူမြို့မ ရဲစခန်းသို့ လွှဲ ပြောင်း စစ်ဆေးခဲ့ကြောင်းကို သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါ မသင်္ကာဖွယ် ၁၂ ဦးကို လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာတွင် ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာမှ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ဦးကင်း ကျေးရွာမှ အမျိုးသား ၁ ဦး၊ ဂုံးချိန်ကျေးရွာမှ အမျိုးသား ၁ ဦးနှင့် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ အမျိုးသား ၁ ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့မှာ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇူလိုင် ၁ ရက် နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ စနစ် တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment