Friday, July 3, 2020

ဘားအံမြို့နယ်၊ သံလွင်ကျေးရွာအနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား များဖမ်းဆီးရမိ

ဘားအံမြို့နယ်၊ သံလွင်ကျေးရွာအနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား များဖမ်းဆီးရမိ

နေပြည်တော် ၊ ဇူလိုင် - ၃


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်ကျေးရွာအနီး ဇာသပြင်- ကျားကလေး ကား လမ်း၌ ဘားအံမြို့ဘက်မှ ယာဉ်မောင်း ဖြိုးစည်သူကျော်(ဘ) ဦးမောင်မောင်အောင် မောင်းနှင်လာသည့် အာရာဖက် အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 9 K/---အား ဇူလိုင် ၂ ရက် နံနက် ၈ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရပ်တန့် စစ်ဆေးရာ ၎င်းယာဉ်ပေါ်မှ မဇာနည်ခိုင်ထွန်း(ဘ)ဦးစံထွန်းဦးနှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား ၅ ဦးတို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား ကော့ဘိန်းနယ်မြေ ရဲစခန်းမှတစ်ဆင့် ဂျိုင်းနယ်မြေ ရဲ စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး တရားဥပဒေအရအရေးယူနိုင်ရေး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment