Friday, July 3, 2020

မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ တပ်မတော်သားများနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်း

မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ တပ်မတော်သားများနှင့် မိသားစုဝင် များက စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် မန္တလေးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ တက်ရောက်ကုသနေသော လူနာများ အတွက် သွေးလိုအပ်ချက် ဖြည့်ဆည်းရန် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက အဆိုပါဆေးရုံကြီးရှိ အမျိုးသားသွေးလှူဘဏ်၌ သွားရောက်လှူဒါန်းကြ သည်။

ဦးစွာ သွေးလှူရှင်အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၆၇ ဦးက သတ်မှတ်နေရာ၌ သွေး လှူဒါန်းကြသည်။ ထို့နောက် နယ်မြေခံ ဆေးတပ်ရင်းမှ သွေးလှူရှင်များအား အင်အား ဖြည့် စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ပေးအပ် ခဲ့ကြောင်းနှင့် သွေးလိုအပ် ချက်ရှိပါက ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment