Friday, July 3, 2020

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ ဇူလိုင် - ၃


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာ ရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည် တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ ဆေးရုံ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ကချင်ပြည်နယ်၊ မိုးမိတ်မြို့ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့်သိန်းနီမြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးနှင့် အောင်ပန်းမြို့ ပြည်သူ့ ဆေးရုံတို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး၌လည်းကောင်း၊ ကမ်းရိုး တန်းဒေသ တိုင်းစစ်ဌာနချုပ် အနေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နှင့် ကော့သောင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ် အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ လှိုင်သာယာမြို့နယ် ရန်ကုန်အနောက်ပိုင်းဆေးရုံနှင့် ရန်ကင်းမြို့နယ်၊ ရန်ကင်းကလေးဆေးရုံ တို့၌လည်း ကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ဟင်္သာတမြို့နှင့် မြောင်းမြမြို့များရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနေ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ဆေးရုံနှင့်ခနီ္တးမြို့ ခရိုင်ပြည်သူ့ဆေးရုံ တို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်ပြည်သူ့ ဆေးရုံ၊ မကွေးတိုင်း ဒေသကြီး၊ မကွေး သင်ကြားရေးဆေးရုံ၊ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံနှင့် တောင်တွင်း ကြီးမြို့နယ် ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တိုရှိ အထွေထွေရောဂါကု ဆေးရုံကြီးများ၊ ပန်းတောင်းမြို့၊ ထုံးဘိုတိုက်နယ်ဆေးရုံတို့၌လည်းကောင်း တန်ဖိုးသင့်ထမင်း၊ ဟင်း နှင့်ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်သာသောစျေး နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော် သားများက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်း များကို ရောင်းချ ပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီး ဟင်း ရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော် စက်ရုံထုတ် စားသောက် ကုန် ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများနှင့် တောင်သူများထံမှ ဝယ်ယူခဲ့သော ရာသီ သီးနှံများကို ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment