အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများ အားCOVID-19 ကူးစက်ရောဂါ ကာကွယ်ရေး ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးများဆောင်ရွက်ပေး
ကျောက်ပန်းတောင်း၊ ဇူလိူင် ၃
ကျောက်ပန်းတောင်း၊ ဇူလိူင် ၃


တပ်မတော်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများတွင် တစ်ဖက်တစ်လမ်း မှ ပါဝင်ကူညီဆောင်ရွက်လျှက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ဆေးဖျန်းခြင်း များ ဆောင်ရွက်လျှက်ပေးလျှက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ပန်းတောင်းတပ်နယ်မှ ခေတ္တတပ်နယ်မှူးဦးစီ၍ တပ်မတော်သားများကကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ပုပ္ပါး)၌ စာသင်ခန်းများ၊ အစည်အဝေးခန်းများ၊ ဆရာ၊ဆရာမ နားနေခန်းများနှင့် ကျောင်းဝင်း အတွင်း နေရာများအား COVID19 ကူးစက်ရောဂါ ကာကွယ်ရေး ကရိုရင်းပိုးသတ် ဆေးရည်ဖျန်းခြင်းနှင့်သန့်ရှင်းရေးဆောင်ရွက်ခဲ့ပေးကြကြောင်း သတင်းရရှိပါသည်။


ဝင်းလိူင်(စကားဝါမြေ)
0 comments:
Post a Comment