ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာရှိ အသက် ၃၇ နှစ် ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ ကလေး ၄ ယောက်၏ မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန်လ ၃၀ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊
ကာယကံရှင် အမျိုးသမီးမှ ထုတ်ဖော်ပြောကြားကြောင်း သတင်းမီဒီယာအချို့မှ ဖော်ပြ နေကြပါသည်။ ၎င်းဖြစ်စဉ်အား အသေးစိတ် စိစစ်ရာ တပ်မတော်စစ်ကြောင်းတစ်ခု သည် ဇွန်လ ၃၀ ရက် ညနေ ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကာ ရွာမြောက်ဘက် မီတာ ၂၅၀ ခန့် ရှိ သရက်တောအတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွာအတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက်သောင်းကျန်းသူတို့၏ သတင်းအား မေးမြန်းခဲ့ကြောင်း၊ ၎င်းနောက် နံနက် ၈ နာရီတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကြောပေါ်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ရွာ၌ အသက် ၄၀ နှင့်အထက် ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ ၁၈ နှစ်အောက် ကျား ၁ ဦး၊ မ ၁ ဦး စုစုပေါင်း ၅၃ ဦး သာတွေ့ရှိရကြောင်း၊ ကျန်ရွာသူရွာသားများနှင့် အုပ်ချုပ်ရေးမှူး မှာ ဇွန်လ ၂၇ ရက်တွင် စစ်တွေမြို့ဘက်သို့ ထွက်သွားကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်စပ်၍ ဝင်ရောက်သတင်းစုံစမ်းခဲ့ခြင်းဖြစ်ကာ ကျေးရွာရှိ ရွာသူရွာသားများရှေ့မှောက်တွင်ပင် ပစ္စည်းများ ပျောက်ရှမှုမရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုနှင့် အသံဖိုင်များ သက်သေအထောက် အထားအဖြစ် မှတ်တမ်းတင်ထားခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန် သတင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် စတင်ဖော်ပြသောသတင်းမီဒီယာများမှာ Narinjara နှင့် Arakan Info Desk-AID တို့ဖြစ်သည်။

0 comments:
Post a Comment