ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိ သူများအား တပ်မတော်မှ အရေးယူ
နေပြည်တော်၊ ဇူလိုင် - ၆

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံး၊ ၅၄ ဦး ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူများကိုလည်း ဆက်လက် ရှာဖွေ လျက်ရှိသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၃ ရက်နေ့ကပင် လုံခြုံရေး ဆိုင် ရာ အဓိကတာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များ အား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိပြီး လစ်လပ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နေရာ အတွက် အစားထိုး ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment