Monday, July 6, 2020

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့် မောင်နုကျေးရွာဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ အစွန်းရောက် အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင် ကျေးရွာနှင့် မောင်နုကျေးရွာဖြစ်စဉ်များအပေါ် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

နေပြည်တော် ၊ ဇူ - ၆


၁။ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တော ဒေသ၌ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာနှင့်မောင်နုကျေးရွာဖြစ်စဉ်များကို စုံစမ်း စစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်းကို ဇွန် ၂၉ ရက်တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။
၂။ ၎င်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်မောင်နုကျေးရွာဖြစ်စဉ်များနှင့်ပတ်သက် သည့် ဖြစ်စဉ်၊ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေး လိုအပ်သောစုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် အတွက် အောက်ပါအဖွဲ့ဝင်များပါဝင်သည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းနှင့်လိုအပ်သည့် စစ်ဆေးဆောင် ရွက် မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်-

(က) ဗိုလ်ချုပ် မြတ်ကျော် ဥက္ကဋ္ဌ
( ခ) ဗိုလ်မှူးကြီး သန်းလှိုင် အဖွဲ့ဝင်
( ဂ) ဗိုလ်မှူးကြီး သန်းနိုင် အဖွဲ့ဝင်
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment