ဝှေခါကျေးရွာရှိ ကျောက်မျက်လုပ်ကွက် အတွင်း မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိသူများနှင့် မိသားစုဝင်များအား တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုမျာက ငွေသားနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက် လုပ်ကွက်၌ မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် မိသားစုဝင်များအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ငွေသားနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းငွေ ကျပ်သိန်း ၅ဝဝ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ထောက်ပံ့ပေးအပ်သော ဆန် ၁ဝဝ အိတ်၊ ဆီ ၂၃၂ ပိဿာ၊ ပဲ ၃ဝဝ ပိဿာ၊ ဆား ၂ အိတ်နှင့် စားသောက်ဖွယ်ရာများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ဝှေခါမြေပြိုမှု ရှာဖွေ၊ ကယ်ဆယ်ရေး ကော်မတီ မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့ပြင် ဖားကန့်ပြည်သူ့ဆေးရုံ၌ ဆေးရုံတက်ရောက် ကုသနေသော မြေပြိုမှု အန္တရာယ်မှ လွတ်မြောက်ခဲ့သည့် ဒဏ်ရာ ရရှိသူများကိုလည်း စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး၊ နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူဆေးမှူးများ ပါဝင်သော ဆေးကုသရေး အဖွဲ့က လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီးရှိ ရတနာကြယ် ကုမ္ပဏီတွင် ဇူလိုင်လ ၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်၌ မြေအက်ကြောင်းနေရာအမြင့်ပေ ၅၀၀ ခန့်မှ အောက်ခြေရှိ လုပ်ငန်းရပ်နားထားသည့် ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်းသို့ မြေစာများပြိုကျခဲ့မှုကြောင့် ရေမဆေး ကျောက်ရှာ ဖွေသူ ၁၇၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၁ ဦး ရှိခဲ့ သည်။

TheFifthWave
0 comments:
Post a Comment