Saturday, July 4, 2020

အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်မည်ဖြစ်၍ စာသင်ကျောင်းများအား ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေး

အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်မည်ဖြစ်၍ စာသင်ကျောင်းများအား ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေး

မိတ္ထီလာ၊ ဇူလိုင် ၄

Image may contain: one or more people and people standing
၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့ မည်ဖြစ်ရာ မိုးတွင်းကာလ ခြင်များပေါက်ဖွား၍ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ခြင်းတုတ်ကွေး ကဲ့သို့ အထွေထွေရောဂါများဖြစ်ပွားနိုင်ခြင်းမှ ကာကွယ်ရေး အထောက် အကူ ဖြစ်စေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဖလန်ကျင်းကျေးရွာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရေဝေကျေးရွာ အခြေခံပညာအထက် တန်းကျောင်း၊ မုန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျီတော်ကုန်းရပ်ကွက် အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်း၊ နန်းတော်ကုန်းရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပေါက်ချောင်းရပ်ကွက် အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်းများတွင် စာသင်ခန်းများ၊ ဆရာဆရာမ နေအိမ်များနှင့် ခြင်ပေါက် ဖွားနိုင်သည့်နေရာများအားခြင်ဆေးဖျန်းခြင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိပါသည်။
Image may contain: one or more people and people standing
Image may contain: one or more people and indoor
#ထီလာမြေ

0 comments:

Post a Comment