ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်းနှင့်ဟင်းများ ပြင်ပပေါက်ဈေး ထက်သက်သာသော နှုန်းထားဖြင့်ရောင်းချပေး
မြိတ် ဇူလိုင် ၀၁


COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း စားရေးအထောက် အကူဖြစ်စေရန်အတွက် ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက် ကုသခံယူလျက်ရှိသည့် လူနာများ၊ လူနာစောင့်များနှင့် ဒေသခံပြည်သူများကို ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု တပ်နယ်များရှိ နယ်မြေခံတပ်မတော်သားများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်းနှင့်ဟင်းလျာများကိုပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားဖြင့် ရောင်း ချပေးလျက်ရှိသည်။ ထိုသို့ရောင်းချပေးရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့၊ ကော့သောင်းမြို့နယ်များရှိ ပြည်သူ့ဆေးရုံများ၌ နယ်မြေခံတပ်မတော်သား များက ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။


0 comments:
Post a Comment