Wednesday, July 1, 2020

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာဒေသများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

မိတ္ထီလာ၊ ဇူလိုင် ၁

Image may contain: 1 person, standing
Image may contain: one or more people, people standing and outdoor
သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လျှော်ဖြူကန်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဗူး ၆၀ ဗူး၊ ဝမ်းတွင်းမြို့နယ် ပန်းကြိုင်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဗူး ၁၀၀ ဗူး တို့ကို သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, tree and outdoor
ထီလာမြေ

0 comments:

Post a Comment