အသက်မဲ့ခန္ဓာမြတ်ဆရာ(Silent Mentor) ယနေ့ ၃-၇-၂၀၂၀ အမွန်မြတ်ဆုံးအလှူ
တပ်မတော်ဆေးတက္ကသိုလ်DSMAမှာပေါ့...
သေဆုံးသူတွေဟာ မိမိမသေဆုံးခင် ရုပ်ခန္တာကို
ဆေးပညာရပ်ဆိုင်ရာလေ့လာသုတေသနပြုကြဖို့လှူဒါန်းကြလေ့ရှိပါတယ်။
သေဆုံးသွားရင်တော့ ကာယကံရှင်ရဲ့ဆန္ဒအရ
ဆေးတက္ကသိုလ်ကိုပို့ပေးကြရပါတယ်။ အဲဒိရုပ်
အလောင်းတွေကို Silent Mentor အသက်မဲ့တဲ့
ဆရာသမားလို့တင်စားကြပါတယ်။ သူ့ခန္တာကိုရင်းပြီးပညာသင်ပေးမယ့်ဆရာတစ်ပါးပေကိုးဗျ။
SilentMentorတွေအတွက် ပညာရပ်ကိုလေ့လာမယ့်ဆရာဝန်လောင်းလျာတွေက အမှတ်တရစာစုလေးတွေကိုဖန်ပုလင်းလေးနဲ့ ကျန်ရစ်သူမိသားစုကို အမှတ်တရပေးကြတယ်။
SilentMentorတွေကိုနောက်ဆုံးဂါရဝပြုတဲ့အနေနဲ့
တစ်ဦးချင်း နှင်းဆီးပန်းတစ်ပွင့်ချင်းကိုခေါင်းရင်းမှာထိုးပြီးဂါရဝပြုပါတယ်။ အားလုံးနေရာယူပြီးတာနဲ့ လက်တင်အလေးပြုကြပြီးမှ လေးစားစွာနဲ့ လေ့လာသင်ကြားမှုတွေပြုလုပ် ကြတယ်လို့ သိရပါတယ်ဗျာ။
လက်ရှိအခါ တပ်မတော်ဆေးတက္ကသိုလ်၌ Silent Mentor Program နှင့်အတူ ခွဲစိတ်လေ့ကျင့်ရေး စင်တာ( Soft Cadaveric Surgical Skill Center) ကို ဖွင့်လှစ်ထားပြီး ဆေးပညာဘွဲ့၊ ဆေးပညာမဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့နှင့် အဆင့်မြင့်ခွဲစိတ်လေ့ကျင့်ခြင်း တို့ ကို အလုပ်ရုံဆွေးနွေးပွဲအသွင်ဖြင့် (Workshop) လေ့ကျင့်သင်ကြားပေးလျက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
#သေဆုံးပြီးနောက်ကျန်ရှိခန္တာကိုယ်အားလှူဒါန်းမည်ဆိုပါက
လှူဒါန်းရမယ့်ရည်ရွယ်ချက်ကတော့ တပ်တော်ဆေး တက္ကသိုလ် စာပေဌာနတွင် မွန်မြတ်သန့်စင်သော စိတ်ဖြင့်နှောင်တွယ်ခြင်းကင်းသည့်စိတ်ထားဖြင့် မိမိရုပ်ခန္တာအားအရင်းပြုကာဆေးပညာသင်ကြားနိုင်စေရန်ဖြစ်ပါတယ်။သေဆုံးသွားရင်ဖြင့် မြေမြှုပ်၊ မီးသဂြိုလ်မည့်အစား အကျိုးရှိပြီး မွန်မြတ် လှသည့် သင်ကြားရေးအထောက်အကူပြုဒါနအမှုကိုပြုကြပါ။
ထို့ကြောင့် ဘယ်နေရာဘယ်ဒေသမှာပဲ သေဆုံးခဲ့သည်ဖြစ်ပါစေ မိမိခန္တာကိုယ်အား မွန်မြတ်တဲ့အသိုက်အဝန်းတစ်ခုအတွက် လှူဒါန်းခဲ့ပြီးပါပြီလေဆိုတဲ့ စိတ်တစ်ခုနှင့် စိတ်အေးချမ်းကြည်နူးစွာ
နေ့တိုင်း ဆက်လက်ရှင်သန်ရုံးကန်နိုင်ကြမှာပါ။ မိမိကိုယ်ကိုလည်း ရောဂါသန့်စင်သော လူတစ်ယောက်အဖြစ် သည်အထိ ရပ်တည်နိုင်အောင် အစစအရာရာ ဆင်ခြေကာနေထိုင်ဖို့ ထိန်းသိမ်း
ပြီးသားဖြစ်သွားမှာပါ။
လှူဒါန်းရမယ့်အစီအစဉ်ကတော့ တပ်မတော်ဆေးတက္ကသိုလ်၊ စာပေဌာန၊ မင်္ဂလာဒုံမှာလှူရမှာဖြစ်ပြီးလှူဒါန်းချင်ပါက ကာလာဓာတ်ပုံပတ်စ်ပို့စ်ဆိုဒ်(၂)ပုံ နှင့်မှတ်ပုံတင်မိတ္တူ(၂)စောင်ပဲလိုအပ်ပါတယ်။
တပ်မတော်ဆေးတက္ကသိုလ် စာပေဌာနတွင် ရုံးပိတ်ရက်မှအပ ပိတ်ရက်မရှိ ရုံးချိန်အတွင်း သွားရောက်လှူဒါန်းနိုင်ပါတယ်ခင်မျာ။
လှူဒါန်းရင် ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခုပေးအပ်မှာဖြစ်ပြီး အဆိုပါမှတ်တမ်းလွှာမှာ သေဆုံးပြီးနောက် ကျန်ရှိမိသားစုကဆက်သွယ်ရမည့်ဖုန်းနံပတ်ပါရှိမှာပါ။ Dead Bodyကိုတော့ မိသားစုက
သွားရောက်ပို့ဆောင်ပေးရမည်။
#လှူဒါန်းလိုပါက
ဗိုလ်မှူးရဲသွေး 09250006269
ဗိုလ်မှူးဇော်မျိုးသိန်း 0943115600
ဆရာကြီးဘိုဘိုမင်း၊ 031 35062
သို့အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အခက်အခဲရှိပါကလည်းFbကနေပြောပေးပါ။
လိုက်လံကူညီဆောင်ရွက်ပေးပါ့မယ်ခင်မျာ။
မျက်ကြည်လွှာတော့လှူလို့မရပါဘူးခင်မျာ။ မျက်ကြည်လွှာလှူဒါန်းလိုပါက အမျိုးသားမျက်စိဘဏ် တစ်ခုတည်းမှာသာလျှင်လှူဒါန်းလို့ရနိုင်
ကြောင်းပါဖြည့်စွက်ဖော်ပြပါတယ်ခင်မျာ။

Credit Zaw Myo Thein
Sunday, July 5, 2020
အသက်မဲ့ခန္ဓာမြတ်ဆရာ(Silent Mentor) ယနေ့ ၃-၇-၂၀၂၀ အမွန်မြတ်ဆုံးအလှူ
July 05, 2020
No comments
0 comments:
Post a Comment