Wednesday, July 1, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ဂုံးတောင်ကျေးရွာ၊ ကျေးတန်ကူးကျေးရွာနှင့် အင်ပင်ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် ကျောက်မဲမြို့တို့ရှိပြည်သူ့ ဆေးရုံ များ၊ မိုင်းကောင်တိုက်နယ်ဆေးရုံ၊ သော့စန်နှင့် ပန်ကွမ်ကျေးလက်ကျန်းမာရေးဌာန တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လာသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်း တိုက်နယ်ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် မကွေး တိုင်းဒေသကြီး၊ ကျောက်ထုမြို့ပြည်သူ့ ဆေးရုံနှင့် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံနှင့်လုံဘမ်းတို့ရှိ တိုက်နယ်ပြည်သူ့ ဆေးရုံတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရပ်ကွက်-၂၀ (မြို့ကြီး)ကျေးလက်ကျန်းမာရေးဌာနခွဲ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊Digital B. P Cuff များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Examination Glove များ၊ Patient Monitor များ၊Infusion Pump များ၊ Syring Pump များ၊Stethoscope များ၊ နားကြပ်များနှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိ သူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလား ပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment