Monday, July 6, 2020

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ ဇူလိုင် - ၆


COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာ ရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည် တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ် အရိုးအကြောအထူးကုဆေးရုံကြီး၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် သိန်းနီမြို့တို့ရှိ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင် ပိုင်း)၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးနှင့် အောင်ပန်းမြို့၊ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံ ကြီးနှင့် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ပြည်သူ့ဆေးရုံနှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံ၊ တနင်္သာ ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့ တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ အမျိုးသမီးနှင့်ကလေးဆေးရုံ၊ လှိုင်သာယာမြို့နယ် ရန်ကုန် အနောက်ပိုင်း ဆေးရုံနှင့် ရန်ကင်းမြို့နယ်၊ ရန်ကင်းကလေးဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့၊ မြန်အောင်မြို့နှင့် ဟိုင်းကြီးကျွန်း မြို့များရှိ ပြည်သူ့ဆေးရုံများ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံ၊ ဆားတောင်ကျေးရွာတိုက်နယ်ဆေးရုံနှင့် ကလေးမြို့ ခရိုင်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံနှင့် မကွေးသင်ကြားရေးဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ပြည်မြို့ရှိ ပြည်သူ့ဆေးရုံ ကြီး တို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့်ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥ အမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သား များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ရောင်းချပေးခဲ့ သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများနှင့် တောင်သူများထံမှဝယ်ယူခဲ့သော ရာသီ သီးနှံများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment