Monday, July 6, 2020

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ကျောက်ဆည်မြို့၊ ဇူလိုင် ၇

Image may contain: 1 person, standing
COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာ သောကြောင့် ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြ သော ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ ၊လူနာစောင့်များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် ကျောက်ဆည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်းတွင် ပြင်ပ ဈေးနှုန်းထက် သက်သာသည့် တန်ဖိုးဖြင့် တန်ဖိုးသင့် ထမင်းဟင်း(ထမင်းဖြူ၊ ကြက်သားဟင်း၊ ချဉ်ပေါင်မျှစ်ကြော်၊ ပဲနှပ် ) ဗူးများကို တစ်ဗူးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ကျောက်ဆည်မြို့နယ်ရှိ ကျောက်ဆည်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆက်လက် ရောင်းချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Image may contain: one or more people, people standing and outdoor
Image may contain: 1 person, standing and outdoor
ရွှေဆည်သတင်းမီဒီယာ

0 comments:

Post a Comment