Wednesday, July 1, 2020

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

သောက်သုံးရေ ရှားပါးလျက်ရှိသောကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁


သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်း ဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေး တိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူးနှင့် မိတ္ထီလာမြို့နယ်၊ လျော်ဖြူကန်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၆၀ ဘူးတို့ကို သွားရောက်ဖြန့်ေ၀ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment