တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)တွင် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား နံနက်စာအာဟာရလှူဒါန်းခြင်းနှင့် ဆေးရုံသုံးပစ္စည်းများအား ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁၅

ဗုဒ္ဓကလျာဏယုဝအသင်းကြီး YMBA မှ ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလှူရှင်များ စုပေါင်းပြီး တပ်မတော်ဆေးရုံ(ခုတင်-၅၀၀)တွင် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူ များအား နံနက်စာအာဟာရလှူဒါန်းခြင်းနှင့် ဆေးရုံသုံးပစ္စည်းများပေးအပ်လှူဒါန်းခြင်း ကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဗုဒ္ဓကလျာဏယုဝအသင်းကြီး YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အလှူရှင်များက လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး အလှူရှင်များက ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာ တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) တပ်မှူး ဗိုလ်မှူးချုပ် စိန်လင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ကျပ်သိန်း(၁၀၀) တန်ဖိုးရှိ ကင်ဆာဆေးဝါးများ၊ ငွေကျပ်သိန်း(၃၀) တန်ဖိုးရှိ Surgical Mask (၅၀၀၀) ခု၊ ငွေကျပ် တစ်သိန်းငါးသောင်းတန်ဖိုးရှိ ခေါက်ဆွဲခြောက် (၃) ဖာနှင့် ငွေကျပ်တစ်သိန်းငါးသောင်း တန်ဖိုးရှိ ပိုးသတ်ဆေးရည် (၃) ပုံး၊ ငွေကျပ် လေးသိန်းကိုးသောင်းတန်ဖိုးရှိ Oxygen Concentrator အောက်စီဂျင်အသက်ရှုစက် (၁) လုံးတို့အား ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment