ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး
နေပြည်တော်၊ ဇူ - ၇

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးများအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံမှ ပါရဂူများနှင့်ဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင် ၂၆ ဦးနှင့် ကလေးငယ် ၆၄ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမြှေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက်၊ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေး ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင် များက ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရ ရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment