Monday, July 6, 2020

ပြင်ဦးလွင်တပ်နယ်မိသားစုများက ရှင်မဿဲကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် သို့ ဆန်များသွားရောက် လှူဒါန်းခြင်း

ပြင်ဦးလွင်တပ်နယ်မိသားစုများက ရှင်မဿဲကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် သို့ ဆန်များသွားရောက် လှူဒါန်းခြင်း

ပြင်ဦးလွင် ဇူလှိုင် ၆
Image may contain: 3 people, people standing
Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် အသွားအလာ ကန့်သတ်ချက် များကြောင့် ဖြစ်ပေါ်လျက်ရှိသော စားရေးသောက်ရေး အခက်အခဲများကို ပြေလည် စေရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)ရှိ ရှင်မဿဲ ကချင်နှစ်ခြင်းခရစ်ယာန်သို့ ပြင်ဦးလွင်တပ်နယ်မိသားစုက လစဉ်လှူဒါန်းသော ဆန်များကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းရာ အသင်း တော်ဝင်များကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ပြင်ဦးလွင်တပ်နယ်မိသားစုက ရှင်မဿဲ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်အား လစဉ် ဆန်(၄)အိတ် လှူဒါန်းလျက်ရှိပြီး ရှင်မဿဲကချင်နှစ်ခြင်း ခရစ်ယာန်အသင်း တော် အခြေပြု ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး ဂေဟာသည် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား လူမျိုးပေါင်းစုံ မိဘမဲ့ကလေး (၈၆) ဦးကို ပြုစု စောင့်ရှောက် ပညာသင် ကြားပေးလျက်ရှိပြီး ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment