နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်း အမှတ်(၃)နှင့်(၅)တို့အား စကျင်ကျေးရွာဆိပ်ကမ်းမှ ပြည်ကြီးမွန်ရတနာရွှေဖောင်တော်ဖြင့် လှေတော်ဝင်း ခင်း၍ ဆက်လက်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဆီမီးခုံ ဆိပ်ကမ်းတွင် ပလ္လင်တော်အစိတ်အပိုင်း အမှတ်(၁)နှင့်(၄)တို့အား ဒေဝါဝင်း ရာဇာဝင်းခင်း၍ ကြိုဆို ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကျင်းပ
နေပြည်တော် ၊ ဇူလိုင် ၅

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော်အစိတ်အပိုင်းအမှတ် (၃)နှင့် (၅)တို့အား ပြည်ကြီး မွန်ရတနာရွှေဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ ဆက်လက်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ နယ် စကျင်ကျေးရွာဆိပ်ကမ်းအနီး မဟာမဏ္ဍပ်တော်၌ ကျင်းပပြုလုပ်ရာ မတ္တရာမြို့၊ မြို့နယ်ဝိနည်းဓိုရ်ဆရာတော် မဟာသိမ်ရွှေကျင်ကျောင်းတိုက် ပဓနနာယက ဘဒ္ဒန္တဉာဏ ဇောတိ အမှူးပြုသောသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကြပြီးနောက် ကြွရောက်ချီးမြှင့်တော်မူကြသော သံဃာ တော်များမှ ဗုဒ္ဓဂုဏ်တော်ကိုးပါးပါဠိနှင့် အရိယာသာဝိတ္ထီဂါထာကို သုံးကြိမ်ရွတ်ဖတ် ပူဇော် ကြသည်။
ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ပင့်ဆောင်ပူဇော်ခြင်းနှင့် စပ်လျဉ်း၍ ဘုရားဒါယကာ၊ ဘုရား ဒါယိကာမများကိုယ်စား အခမ်းအနားမှူး ဦးသူရမှ လျှောက်ထားပြီး ဝင်းခင်းပူဇော်ရန်အတွက် ဒေဝါဝင်း၊ ရာဇာဝင်းများ ပြည်ကြီးမွန်ရတနာရွှေဖောင်တော်ထက်သို့ ကြွရောက်နေရာယူကြသည်။
ထို့နောက် ရေယာဉ်ပေါ်တွင် တင်ဆောင်ထားသည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အစိတ်အပိုင်း အမှတ်(၃)နှင့် (၅) တို့အား သံဃတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန် ရှိသူများမှ ပရိတ်နံ့သာရည် ပက်ဖျန်း ပူဇော်ပြီး မင်္ဂလာလှေတော်ဝင်းအဖွဲ့မှ လှေလှော်သံ တက်ယိမ်းဖြင့် ပူဇော်ကြ သည်။
မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၈ နာရီ ၁၀မိနစ်တွင် ပြည်ကြီးမွန်ရတနာ ရွှေဖောင်တော် ကြီးစတင်ထွက်ခွာရာ မင်္ဂလာငွေဂရုနှင့် အောင်စည်အောင်မောင်းများ တီးမှုတ်ပူဇော်ပြီး လှေလှော်သားများမှ လှေလှော်သံသီချင်းဖြင့် ပင့်ဆောင်ပူဇော်၍ မင်္ဂလာစည်တော်ကြီး အဖွဲ့က ရေကင်းသံတီးမှုတ်ပူဇော်ကာ နတ်ဒေဝါများကို အမျှပေးဝေခြင်းများ ဆောင်ရွက်သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုပိတ်သိမ်းပြီး အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးရွာသွန်း၍ တက်ရောက်လာသော ဧည့်သည် တော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ)မှ လိုက်လံနှုတ်ဆက်သည်။
ယနေ့ပင့်ဆောင်ပူဇော်မည့် ပလ္လင်တော်အစိတ်အပိုင်းအမှတ်(၃)နှင့်(၅) စကျင် ကျောက် တော်ကြီးများမှာ တစ်တုံးလျှင် ၃၆၅ တန်ခန့်စီရှိပြီး M.V Aquarius ရေယာဉ်ဖြင့် တင်ဆောင်၍ စကျင်ကျေးရွာဆိပ်ကမ်းမှ မြောင်မြစ်နှင့် ဧရာဝတီမြစ် အတိုင်း ဆီမီးခုံဆိပ်ကမ်းသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇူလိုင် ၃ ရက်က စကျင်ကျေးရွာဆိပ်ကမ်းမှ စတင်ပင့်ဆောင်ပူဇော်ခဲ့သော ဘူမိဖဿမု ဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော်အစိတ် အပိုင်းအမှတ် (၁)နှင့် (၄)တို့အား မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ဆီမီးခုံဆိပ်ကမ်း၌ ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ ကြိုဆိုပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ တွင် တစ်ဆက်တည်း ဆက်လက်ကျင်းပသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ကြကာ ပြည်ကြီးမွန် ရတနာရွှေဖောင်တော်အား မေတ္တာပို့ဖြင့် ပူဇော်ကြိုဆိုကြပြီးနောက် ပလ္လင်တော် အစိတ်အပိုင်းအမှတ်(၁)နှင့် (၄)တိုအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများက ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်ကြသည်။

ဆက်လက်၍ (၃၁)ဘုံသားများနှင့် နတ်ဒေဝါများကို အမျှပေးဝေပြီးနောက် ဘူမိဖဿမု ဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပလ္လင်တော်အစိတ်အပိုင်း အမှတ် (၁)နှင့်(၄)တို့အား ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ ပြည်ကြီးမွန်ရတနာ ရွှေဖောင်တော် ထက်မှ Modular Trailer ယာဉ်များဖြင့် ခေတ္တထားရှိမည့် ဆီမီးခုံကျေးရွာလမ်းဆုံ အနီးမင်္ဂလာနေရာသို့ ပင့်ဆောင်ပူဇော်ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment