Friday, July 3, 2020

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချ

မိတ္ထီလာ၊ ဇူလိုင်-၃


COVID-19ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာ သောကြောင့် မိတ္ထီလာမြို့​ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ ၊လူနာစောင့်များနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် မိတ္ထီလာ တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ယနေ့မနက်ပိုင်းတွင် ပြင်ပစျေးနှုန်းထက် သက်သာသည့် တန်ဖိုး​ဖြင့်တန်ဖိုးသင့် ထမင်းဟင်း (ထမင်းဖြူ၊ ငါးဟင်း၊ အစိမ်းကြော်၊ ငပိကြော်) ဗူးများကို တစ်ဗူးလျှင် ၄၀၀ ကျပ်နှုန်းဖြင့် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး၌ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထီလာမြေ

0 comments:

Post a Comment