AA အကြမ်းဖက်အဖွဲ့ထောင်ထားတဲ့ မိုင်းတွေကြောင့် အရပ်သား ထိခိုက်မှုတွေများ လာတဲ့ ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ AA အဖွဲ့ က အရပ်သားတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်တာတွေ၊ လူသွားလူလာများတဲ့ နေရာတွေမှာ မိုင်းထောင်တာတွေကို မကြာခဏလုပ်လေ့ရှိပါတယ်။ အခုဆိုရင် AA က မိုင်းတွေကို တောတောင်တွေထဲမှာ ထောင်ရုံမဟုတ်တော့ဘဲ လူနေထူထပ်တဲ့ မြို့တွေ ပေါ်မှာ လာထောင်နေကြပြီး အခုဆိုရင် ရခိုင်ပြည်နယ်မှာ မိုင်းကြောင့်ထိခိုက်ဒဏ်ရာ ရတဲ့ သူတွေကလည်း ပိုပိုများလာပါတယ်။

ဇွန်လ ၂၇ ရက်နေ့ကဆိုရင် AA အဖွဲ့က လူသွားလာများတဲ့ စစ်တွေနည်းပညာကော လိပ်ရဲ့ရှေ့ စစ်တွေ-ရေချမ်းပြင်သွားကားလမ်းရဲ့ ဘေးဘယ်ညာမှာ လက်လုပ်ရီမုမိုင်း ၄ လုံးထောင်ထားခဲ့တဲ့အတွက် တပ်မတော်အင်ဂျင်နီယာအဖွဲ့တွေက ရှင်းလင်းပေးခဲ့ရ ပြီး AA အဖွဲ့က အဝေးမှဖောက်ခွဲမှုကြောင့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ရပါတယ်။ ဒါ့အပြင် မြေပုံမြို့နယ်က စညှင်းဒုက္ခသည်စခန်းနားမှာ မိုင်းလာထောင်ခဲ့တဲ့အတွက် ဒုက္ခသည် အမျိုးသမီးတစ်ဦး မိုင်းနင်းမိခဲ့ပြီး ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိလာရင် AA အဖွဲ့က သူတို့ကြောင့် မဟုတ်ဘူးဆိုပြီး ငြင်းလေ့ရှိပါတယ်။ ဒါဟာ အမြဲလိမ်နေတဲ့ AA အဖွဲ့ရဲ့ လက်သုံးစကားလိုဖြစ်နေပါပြီ။ ဒါပေမယ့် လူသွားလမ်းတွေဘေးက မိုင်းတွေကို ဖော်လိုက်ရင်တော့ ဒီမိုင်းတွေက AA အဖွဲ့ရဲ့လက်လုပ်မိုင်းတွေပဲ ဖြစ်နေပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို AA အမာခံတွေ၊ AA အဖွဲ့ဝင်တွေဆီကနေ လက်လုပ် မိုင်းတွေ၊ ဆက်စပ်ပစ္စည်းတွေဖမ်းဆီးရမိနေပြီး ဒါဟာ AA အဖွဲ့ လူထုကြားမှာ မိုင်း ထောင်နေ တယ်ဆိုတဲ့ သက်သေတွေပါပဲ။
မြန်မာနိုင်ငံအတွင်း မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေကို လေ့လာနေတဲ့အဖွဲ့ တွေရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၀ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မိုင်းကြောင့် ထိခိုက် သေဆုံးသူ ၁၄၃ ဦးထိရှိလာခဲ့ကာ အဲ့ဒီအထဲမှာ ရခိုင်ပြည်နယ်က ရာခိုင်နှုန်း အားဖြင့် ၅၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ အခုဆိုရင် ရခိုင် ပြည်နယ် နေရာအနှံ့မှာ AA ရဲ့မိုင်းတွေ ရှိနေတဲ့အတွက် ဒေသခံတွေ အနေနဲ့ ဘယ်ကိုမှ မသွားရဲ မလာရဲတဲ့ဘဝကို ရောက်နေကြရပါပြီ။ AA အဖွဲ့တွေ ရခိုင်ပြည်နယ်ထဲမှာ ရှိနေသမျှ ကာလပတ်လုံး ရခိုင်လူထုတွေ AA အကြမ်းဖက်ရဲ့ မိုင်းဒဏ်ကို ခံစားနေကြရအုံးမှာ ဖြစ်ပါတယ်။
နေစိုးမောင်
0 comments:
Post a Comment