Friday, July 31, 2020

"ကျေးဇူးမြင်းမိုရ် စစ်တက္ကသိုလ်"

"ကျေးဇူးမြင်းမိုရ် စစ်တက္ကသိုလ်"
---------------------------------------


ဖလံတောင်ခြေ ၊ ရန်အောင်မြေဝယ်
နေခြည်အလင်း ၊ ငွေရည်နှင်းနှင့်
ရွှေဆင်းငုဝါ ၊ ပိတောက်ဖြာ၍
နီပြာစိန်ပန်း ၊ ချယ်ရီလွှမ်းလျက်
ပန်းမျိုးစုံလင် ၊ သင်းထုံလွင်သော
ထာဝစဉ်နုပျို ၊ ကျောင်းရိပ်ညို။
မာတာမြင်းမိုရ် ၊ စစ်တက္ကသိုလ်။
Image may contain: sky, outdoor and nature
အဇဋာခွင် ၊ကောင်းကင်ပြင်က
​တောင်စဉ်မြင်းမိုရ် ၊ ပမာဆိုသည့်
တက္ကသိုလ်ဝယ်၊ပျိုနုရွယ်၌
ဘယ်ခြေ​မြေကြွ ၊ ဘယ်-ညာ စ၍
တိကျမှန်ကန် ၊ မိန့်နာခံအောင်
ရည်သန်မျှော်ကိုး ၊ ဖန်ဖန်ပျိုးရင်း
ကျောရိုးမဏ္ဍိုင် ၊ စည်းကမ်းကိုင်လျက်
လျောင်း-ထိုင်-ရပ်-သွား ၊ ဘယ်သို့နားကာ
စားသော် ဘယ်ပုံ ၊ နည်းနာစုံထိ
တွေ့ကြုံနှင့်ယှဉ် လမ်းပြသင်သည်
မိခင်ကောင်းလို သင်​ကျောင်းညို။

တစ်သွင်ပုံနှိုင်း ၊ ကျောက်ပွင့်ရိုင်းပင်
ဆစ်ပိုင်းပွတ်တိုက် ၊ သွေးခြစ်လိုက်သော်
ဖိုးထိုက်ရတနာ ၊ ဖြစ်၍လာသို့
" သစ္စာ-သိပ္ပ-သူရ "ရတီ၊ စံချိန်မီသော
ပြည်တန်ကျောက်ကောင်း ၊ ရာထောင်သောင်းကို
နှစ်ထောင်းအားရ ၊ ဤဌာန၌
တောက်ပဝင့်ကြွား ၊ သူမွေးဖွားခဲ့
သားကောင်းကွန်းခို ကျောင်းကျွန်းညို။
Image may contain: text that says 'Train a new new generation of highly educated and well-rounded officers for Myanmar '5 armed forces who are capable ofleading the nation စစ်တက္ကသိုလ်'
...ဤကျောင်းတော်မှ...
ပေါင်းဖော်တသင်း ၊ ခေါင်းမော်ဆင်းချိန်
လှိုင်းပြင်းလေထန် ၊ လောကဓံလည်း
မဖြုံအံခဲ ၊ ရင်ဆိုင်ရဲသည့်
ဇွဲမာန်ဗီဇ ၊ အဝဝနှင့်
ဘဝနေနည်း ၊ အသီးသီးကို
နှီးရင်းအမွေ ပေးလိုက်သည်။

...ဤကျောင်းတော်မှ...
ပေါင်းဖော်ဆွေမျိုး ၊ တပ်ဖြန့်တိုးချိန်
အမျိုးဘာသာ ၊ သာသနာနှင့်
ကာကွယ်ထမ်းရွက် ၊ တိုင်းပြည်တွက်လျှင်
ဝကွက်အပ်နှင်း စွန့်လွှတ်ခြင်းဖြင့်
သွေးချင်းချင်းနီ ၊ တိုက်ဝံ့သည်ဟု
ခိုင်ကျည်ထက်မြ ၊ လက်လက်ထသော
ဝီရဖြိုးမောက် ၊ တန်ခိုးတောက်သည့်
ကျောက်စီသွားထက် ၊ ဓားတစ်လက်ကို
စစ်ထွက်ကိုယ်စီ ပေးလိုက်သည်။

ကောင်းနိမိတ်စုံ ၊ ကျောင်းရိပ်မြုံ၏
ဂုဏ်ရည်သည်ကား ၊ အသွေးသား၌
လှုပ်ရှားသက်ဝင် ၊ နေမြဲပင်တည့်
သွင်သွင်စီးဆင်း ၊ သူ့ရင်တွင်းက
ချစ်ခြင်းမေတ္တာ ၊ စေတနာကြောင့်
ကြယ်လွှာတစ်သင်း ၊ ထည်ဝါခြင်းဖြင့်
ထွန်းလင်းခန့်ထည် ၊ သာခဲ့ပြီတည့်
မြေမဟီသို့ ၊ ကြွေသည်တို့လည်း
မချို့ဂုဏ်ဒြပ် ၊ တဖျပ်ဖျပ်နှင့်
မြင့်မြတ်မော်ကွန်း ၊ ထပ်ညှိထွန်း၍
လေးကျွန်းမြင်းမိုရ် ၊ ဉီးခိုက်ခို။
Image may contain: outdoor
သြော်...
သား​မောင်ကိုယ်စီ ၊ ဘယ်ဝယ်မည်သော
ဘယ်ဆီသောင်ကမ်း ၊ ဘယ်စခန်းမှ
လှမ်းခွင့်မသာ ၊ ပန်းပွင့်ရွာသို့
တစ်ခါတစ်ခေါက် ၊ မလာရောက်လည်း
စိတ်ရောက်နေမည် ၊ အဉ္ဇလီဖြင့်
ကြည်ညိုလွှမ်းခြုံ ၊ ဝမ်းကြာငုံ၌
လွှာမှုန်ထုံကူး ၊ ပွင့်ခဲ့ဖူးသည့်
ကျေးဇူးနန္တ ၊ မှန်သမျှတွက်
ချမ်း​မြ-စမ်းလို ၊ နွမ်းသမျှ-လန်းစို
တမ်းတ-လွမ်းပို နေမည်ကို။
ကျေးဇူးမြင်းမိုရ် စစ်တက္ကသိုလ်။

အမိစစ်တက္ကသိုလ်၏ ၆၆နှစ်မြောက်မွေးနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ်....

(ဘယ်ဘဝ ၊ ဘယ်အခြေနေ ၊ ဘယ်နေရာရောက်ရောက် ကျောင်းတော်ကြီးက ငယ်ဘဝကို တမ်းတနေမည် သို့ယုံကြည်လျက်)

Aung Zay

ဒါးလက်ချောင်းကျေးရွာရှိ ချင်းတိုင်းရင်းသားများ၏ စက်လှေများအား AA အဖွဲ့မှ ရိက္ခာပို့ရန် အတွက်ဟုဆိုကာ သိမ်းယူသွား

ဒါးလက်ချောင်းကျေးရွာရှိ ချင်းတိုင်းရင်းသားများ၏ စက်လှေများအား AA အဖွဲ့မှ ရိက္ခာပို့ရန် အတွက်ဟုဆိုကာ သိမ်းယူသွား
========================
သြဂုတ် - ၁

Image may contain: 1 person, standing and outdoor
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာရှိ ချင်းတိုင်းရင်းသားများ၏ စက်လှေများအား AA အဖွဲ့မှ ရိက္ခာပို့ရန် အတွက်ဟုဆိုကာ သိမ်းယူသွားကြောင်း သိရှိရသည်။

မနေ့က ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းခံရသည့် ချင်းတိုင်းရင်းသားများမှာ မည်သည့်ဘက်ကိုမှ မတိုင်ရဲကြောင်း၊ သိမ်းဆည်းခံရသူများမှာ သွားရေးလာရေး အခက်အခဲ ဖြစ်နေရကြောင်း ဒေသခံများမှ ပြောသည်။

“ အားလုံးပေါင်း ၆ စီး ယူသွားတယ်၊ မင်္ဂလာဒုံ ကျေးရွာဘက်က တစ်စီးပါတယ်၊ သေနတ်တွေနဲ့ဆိုတော့ မပေးရင်လည်း သစ္စာဖောက်ဆိုပြီးသတ်ခံရမှာ ရခိုင်ရွာတွေကနေ မတောင်းဘဲ ကျနော်တို့ကိုအကြိမ်ကြိမ်နှိပ်ဆက်နေသလိုဖြစ်နေပြီ။ စစ်တပ်တိုင်လည်း AA က လာသတ်မယ်၊ AA ကို သွားတိုင်လည်း ဒီထပ်ပိုဆိုးမယ်ဆိုတော့ မတိုင်တော့တာပဲကောင်းတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံချင်းတိုင်းရင်းသားတစ်ဦးမှ ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာနှင့် မင်္ဂလာဒုံ ကျေးရွာမှ ဒေသခံ (၁၀၀၀)ကျော် ဦးသည် တိုက်ပွဲများနှင့် AA အဖွဲ့တို့၏ ရိက္ခာတောင်းခံမှုများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်လာ သဖြင့် နေရပ်စွန့်ခွာ မြို့ပေါ်သို့ တိမ်းရှောင်ခဲ့ကြကြောင်း သိရှိရသည်။

စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေသော ချင်းတက္ကသိုလ် ကျောင်းသားများ အဖွဲ့(CUSR) မှ ဥက္ကဋ္ဌ ဆလိုင်း ထွန်းလှကျော်က တိုက်ပွဲတွေ ဖြစ်တာတွေရှိတယ် နောက် AA အဖွဲ့က ရိက္ခာတောင်းခံတယ်၊အဲ့လိုတွေရှိတာတွေကြောင့်မို့ စားနပ် ရိက္ခာ အခက်အခဲ ရှိတယ်။ အခု ဒါးလက် အုပ်စုထဲက မြသိန်းတန် ဘုန်းကြီးကျောင်းမှာ နေတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုရှိ မင်္ဂလာဒုံကျေးရွာတွင် ချင်းတိုင်းရင်းသားများ နေထိုင်သည့် ချင်းရွာများဖြစ်ပြီး အိမ်ခြေ ၁၁၂ အိမ် ရှိကာ လူဦးရေအားဖြင့် ၆၅၀ ကျော်သာ ရှိပြီး အဆိုပါကျေးရွာများတွင် AA အဖွဲ့မှ ၀င်ရောက်နေထိုင်ကာ တိုက်ပွဲများဖန်တီးနေမှုကြောင့် ထွက်ပြေးခဲ့ကြရသည့် ရွာသား ၄၃၁ ဦးတွင် ကလေးနှင့် အသက်ကြီးရွယ်အို အများဆုံး ပါဝင်ပြီး ကျန်သူများက ရွာစောင့်ရန် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ၂ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရရှိ

AA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ၂ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရရှိ
==============

နေပြည်တော်၊ ဩဂုတ်-၁

Image may contain: text that says 'AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများနင်းမိ၍ ဒေသခံပြည်သူ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိ'
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာနေ ဦးမောင်တင်သည် ဂျိတ်ချောင်းရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ ၎င်းပိုင်ဆိုင်သည့် ဒညင်းခြံသို့ ဇူလိုင် ၂၉ ရက်တွင် ဒညင်းသီးခူးရန်သွားစဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ သေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်ထိ နေအိမ်သို့ ပြန်လည်မရောက်ရှိသဖြင့် မြေးတော်စပ်သူ သက်နိုင်စိုး နှင့် အတူ ရွာသား ၇ ဦးခန့်က လိုက်လံရှာဖွေခဲ့ပြီး မိုင်းနင်းမိသေဆုံးသူ အဘိုးဖြစ်သူ အလောင်းအား သယ်ယူရန် ပြင်ဆင်စဉ် သက်နိုင်စိုး သည် မိုင်းတစ်လုံးအား ထပ်မံနင်းမိ သေဆုံးခဲ့ကာ တစ်ရွာတည်းနေ ဦးဆန်းဝင်း မှာလည်း မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ၎င်းမိုင်းစထိမှန်ဒဏ်ရာရရှိသူအား နယ်မြေခံ တပ်မတော်ဆေးရုံတွင် လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့


တပ်မတော်သားများနှင့် မိသားစုဝင်များက မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

တပ်မတော်သားများနှင့် မိသားစုဝင်များက မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃၀


COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူ့ဆေးရုံများတွင် သွေးလိုအပ်မှုမရှိစေရေးအတွက် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများနှင့် မိသားစုဝင် စုစုပေါင်း ၆၀ ဦးတို့က စုပေါင်းသွေးလှူဒါန်းကြပြီး ယခုအကြိမ်သည် ၈ ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ကာ ယခုအကြိမ်အပါအဝင် ၃၁၈ ဦးက စုပေါင်းသွေးလှူဒါန်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ပန်းတောင်းမြို့နယ်၊ ပဲကြီးအင်းကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ပန်းတောင်းမြို့နယ်၊ ပဲကြီးအင်းကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၃၀


ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာအုပ်စု၊ ပဲကြီးအင်းကျေးရွာသို့ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၆ ဦးတို့ကို ရေလွတ်ရာ နေရာများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ကူညီရွှေပြောင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများပိုင် လယ်ယာမြေရိုင်းများအား မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများပိုင် လယ်ယာမြေရိုင်းများအား မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ၊ ဇူလိုင် - ၃၀


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၉၈ စု တိုက်ပွဲရှောင်ကာလ ၈ နှစ်ကျော်အတွင်း စွန့်ပစ်ခဲ့သော ကျေးရွာအနီး ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေရိုင်း ၁၀၀ ဧကခန့်အား ၎င်းတို့ရေရှည် အသက်မွေးဝမ်း ကြောင်းအတွက် ပြန်လည်ဖော်ထုတ်ရန် မိုင်းရှင်းလင်းပေးစေလိုကြောင်း တင်ပြလာသဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၈ ရက်အထိ မြေယာ ၁၀၀ ဧကကို ရှင်းလင်းပေးနိုင်ခဲ့ပြီး မိုင်းမျိုးစုံ ၁၀ လုံးနှင့် ဗုံးသီးမျိုးစုံ ၃ လုံးနှင့် လက်ပစ်ဗုံး ၄ လုံးတို့အား ရှင်းလင်းဖော်ထုတ် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၃၁


COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဘူးကွဲရွာဦးကျောင်းတိုက်နှင့် ဥတ္တရသိရိမြို့နယ်၊ ရွှေနံသာကျေးရွာ၊ ရွှေနံသာအမှတ်(၄)ရေတွင်းဖြူကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ တောင်သုံးလုံးဦးသာသနာ့ ရိပ်သာကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပြည်တော်အေးဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ မဟာဂန္ဓာရုံတပ်ဦးကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ နှောပေါက် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဆင်ဆိပ်ကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်း၊ အုတ်တွင်းမြို့၊ ကရင်စုကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ရွှေကျင်မြို့၊ ဒုံဇရစ်ကျေးရွာ၊ ရှမ်းလေးဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဖယ်ခုံမြို့၊ ခိုလမ်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့နှင့် မယ်စဲ့မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ရွှေကျင်မြို့နှင့် သာယာဝတီမြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်း စာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask များ၊ ဆေး ပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃၁


ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိ ရာ ဇူလိုင် ၂၃ ရက်မှ ၂၉ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ ဆေးရုံစုစုပေါင်း ၁၄၉ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာစုစုပေါင်းအင်အား ၉၄၃၀ ဦးတို့ကို စုစုပေါင်းငွေကျပ် ၄၉ သိန်းကျော်တန်ဖိုးရှိ အာဟာရဖြည့်စွက်စာများ ပေးအပ်လှူဒါန်း နိုင်ခဲ့သည်။

ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး၊ ညောင်ရွှေမြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်တိုက်နယ်ဆေးရုံ၊ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ပြည်သူ့ဆေးရုံနှင့် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးတိုက်နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ ကျိုက်လတ် တိုက်နယ်ဆေးရုံ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ်၊ ထန်တလန်မြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ စဉ့်ကိုင်နှင့် ရမည်းသင်းတို့ရှိ ပြည်သူ့ဆေးရုံများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများနှင့် တိုင်းရင်းဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၃၁


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ချောင်းမကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သာသနာ့မÍ္ဇူဘုန်းတော်ကြီးကျောင်းတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂများနေရာချထားပေးခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် - ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်- ၅၀၀)၊ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ကိုယ် လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံ(ခုတင်-၃၀၀)နှင့် တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး၌ (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၄)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၄)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၃၁


နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ (၁၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိတပ်နယ်၊ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်ရာ ပျဉ်းမနားမြို့နယ်၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပျဉ်းမနားမြို့နယ်၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရား နာကြားပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၃၁


အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ (၂၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သာသနဝံသဓမ္မာရုံ၌ ပြုလုပ်ရာ နိုင်ငံတော် သြဝါဒါစရိယ ပုသိမ်မြို့၊ နိဂြောဓါရုံ၊ ညောင်ပင်သာကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိသုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိဂြောဓါရုံ၊ ညောင်ပင်သာ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဧရာဝတီတိုင်းဒေသကြီး၊ သံဃာ့နာယကဥက္ကဋ္ဌ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သောဘိတ ထံမှ အနုမောဒနာတရားနာကြားပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့များနှင့်မိသားစုများ အတွက် စားသောက်ဖွယ်ရာများလှူဒါန်း

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့များနှင့်မိသားစုများ အတွက် စားသောက်ဖွယ်ရာများလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃၁


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့်ကာလအတွင်း သွားလာမှုကန့်သတ်ချက်ရှိသဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာရိုးရာလက်ဝှေ့အဖွဲ့ များနှင့်မိသားစုများကို ဆန်၊ ဆီ၊ ဆား၊ ပဲနှင့်ကြက်ဥများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီနာယက ဦးရဲအောင် ၊ ဥက္ကဋ္ဌ ဦးမျိုးမောင်မောင်စိုးနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနေက် လက်ဝှေ့ပညာရှင် ၂၂၅ ဦးအတွက် ဆန် ၅၇ အိတ်၊ ဆီ ၁၁၃ ပိဿာ၊ ပဲ ၁၁၃ ပိဿာ၊ ဆား ၁၁၃ ပိဿာနှင့် ကြက်ဥ ၂၂၅၀ လုံးတို့ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ လက်ဝှေ့ဆပ်ကော်မတီ နာယကနှင့်ဥက္ကဋ္ဌတို့က လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၃၁


ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ ရေဘေးရှောင်ပြည်သူ ၂၂၄ ဦးကို ရွှေဂူကြီးဘုရားဝန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့၊ ခတ္တိရရပ်ကွက်နှင့် တောင်(၂)ရပ်ကွက် တို့ရှိ ရေဘေးရှောင်ပြည်သူ ၄၁ ဦးကို တောင်လက်ကြီးဘုရားဝန်းသို့ လည်းကောင်း၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာရှိ ရေဘေးရှောင်ပြည်သူ ၄၆ ဦးကို ရေဘေး လွတ်ရာနေရာသို့လည်းကောင်း ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သက်ဆိုင်ရာ တပ်နယ်များမှ တပ်မတော်သားများက ကူညီရွှေ့ပြောင်းပေးခြင်း၊ နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး ရေဘေးရှောင်ပြည်သူအိမ်ထောင်စု ၇၆ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး နှင့် နေအိမ်ဆောက်လုပ်ရန်ဝါးလုံး ၂၀၀ လုံးတို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ ဇူလိုင် - ၃၁


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မိုးမိတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးနှင့် ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် တာချီလိတ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံနှင့် မြဝတီမြို့ခရိုင်ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းကလေးဆေးရုံကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြားရေးနှင့်အထွေထွေရောဂါကုဆေးရုံကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟင်္သာတမြို့နှင့် သာပေါင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ မကွေးသင်ကြားရေးဆေးရုံ၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံနှင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ မြို့လှမြို့၊ တိုက်နယ်ဆေးရုံ၊ ဖြူးမြို့နှင့် ပဲခူးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သား များနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Thursday, July 30, 2020

၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်- ၃၀
Image may contain: one or more people and indoor
၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး  အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့်သံဃာတော် ၃၆ ပါး ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ  တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အနော်ရထာခန်းမရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြသည်။

အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဗန်းမော်ဆရာတော်ကြီးထံမှ  ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော် ဆရာတော်ဘုရားကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
Image may contain: people sitting, table and indoor
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက အနုမောဒနာ တရားဟောကြားချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော်ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဘုရားကြီးအမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တော်ကြီးကို ရုပ်ပွားတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေးအတွက်  စကျင်ကျောက်တော်ကြီးအား တူးဖော်ခြင်း၊ ထုဆစ်ခြင်း၊ နေပြည်တော်သို့ ရေလမ်း၊ ကုန်းလမ်းဖြင့် သယ်ယူခြင်းနှင့် တည်ထားကိုးကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဥယျာဉ်တော်ပုံစံငယ်များ၊ ရုပ်ပွားတော်ပုံစံငယ်များဖြင့် တင်ပြလျှောက်ထားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒကိုခံယူခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

ပထမဆုံးကမ္ဘာပတ် မော်တော်ဆိုင်ကယ်စီး မြန်မာ့အမျိုးသမီးကြီး ဒေါ်တင်တင်စိန် ရန်ကုန်မြို့တွင်ကွယ်လွန်

ပထမဆုံးကမ္ဘာပတ် မော်တော်ဆိုင်ကယ်စီး မြန်မာ့အမျိုးသမီးကြီး ဒေါ်တင်တင်စိန် ရန်ကုန်မြို့တွင်ကွယ်လွန်
နေပြည်တော်၊ ဇူလိုင်-၃၀

ကမ္ဘာ့နိုင်ငံအများအပြားကို BSA မော်တော်ဆိုင်ကယ်တစ်စီးတည်းနှင့် အောင်မြင်စွာ ဖြတ်သန်းခရီးနှင်ကမ္ဘာပတ်ခဲ့သည့် ပထမဆုံး မြန်မာ့အမျိုးသမီး အာဂသတ္တိခဲ ဒေါ်တင်တင်စိန်သည် ယမန်နေ့ည ၉ နာရီခန့်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်သွားသော မြန်မာ့ဂုဏ်ဆောင် အဖွားဒေါ်တင်တင်စိန် ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Image may contain: 4 people, people standing

Image may contain: 2 people, people standing
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

Wednesday, July 29, 2020

လောက်ကိုင်-ရန်လုံကျိုင်းကားလမ်းပေါ်၌ မြေပြိုမှုဖြစ်ပွားသဖြင့် တပ်မတော်သားများပါဝင် သောပူးပေါင်းအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

လောက်ကိုင်-ရန်လုံကျိုင်းကားလမ်းပေါ်၌ မြေပြိုမှုဖြစ်ပွားသဖြင့် တပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လောက်ကိုင်မြို့နယ်၊ လောက်ကိုင်-ရန်လုံကျိုင်းကားလမ်း ပေါ်ရှိ တောင်ညီနောင် အနီး လောက်ကိုင်မြို့၏ မြောက်ဘက်မီတာ ၂၅၀၀ ခန့်အကွာနေရာ၌ ယနေ့နံနက် ၉ နာရီခန့်တွင် တောင်စောင်းပေါ်မှ မြေသားနှင့်ကျောက်တုံးများ ကားလမ်းပေါ်သို့ ပြိုကျမှုဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှုကြောင့် ရန်လုံကျိုင်းဘက်မှ လောက်ကိုင်မြို့ဘက်သို့ မောင်းနှင် လာသောမော်တော်ယာဉ် ၂ စီးမှာ တိမ်းမှောက်ခြင်း၊ ကျောက်တုံးပိ၍ ပျက်စီးခြင်းနှင့် ယာဉ်မောင်း ၂ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယာဉ်မောင်း ၂ ဦးအား လောက်ကိုင်မြို့၊ ရပ်ကွက်(၃)ရှိ အိုက်မင်ဆေးခန်း၌ ဆေးကုသမှုခံယူလျက် စေရှိကြောင်း သိရသည်။

အဆိုပါမြေပြိုမှုဖြစ်ပွားရာနေရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ကားလမ်းပေါ်ပြိုကျနေသည့် မြေသားနှင့်ကျောက်တုံးများအား ကူညီဖယ်ရှားရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပြည်မြို့အထွေထွေရောဂါကုဆေးရုံ(ခုတင်-၅၀၀)၌ တပ်မတော်သားများက သွေးလှူဒါန်း

ပြည်မြို့အထွေထွေရောဂါကုဆေးရုံ(ခုတင်-၅၀၀)၌ တပ်မတော်သားများက သွေးလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉


Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့ရှိ အထွေထွေရောဂါ ကုဆေးရုံ (ခုတင်- ၅၀၀)၌ သွေးလိုအပ်မှုမရှိစေရေးအတွက် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံသို့ သွားရောက် လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာ သွေးလှူရှင် အရာရှိ၊ စစ်သည် ၇၈ ဦးတို့က သတ်မှတ်နေရာ၌ သွေးလှူဒါန်းကြသည်။ ယင်းသို့ သွေးလှူဒါန်းပေးမှုများကို တပ်နယ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး သွေးလှူရှင်များအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပန်းတောင်းမြို့၊ ထုံးဘိုတိုက်နယ်၊ ခတ္တိယရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပန်းတောင်းမြို့၊ ထုံးဘိုတိုက်နယ်၊ ခတ္တိယရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၉


ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ ထုံးဘို တိုက်နယ်၊ ခတ္တိယရပ်ကွက်သို့ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား အဆိုပါရပ်ကွက်ရှိ မြသိန်းတန်းဘုန်းတော်ကြီးသို့ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ကူညီရွှေပြောင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ယင်းသို့ဆောင်ရွက်ပေးမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)သို့ ကျောင်းဝတ်စုံ၊ စာရေး ကိရိယာ၊ အားကစား ပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)သို့ ကျောင်းဝတ်စုံ၊ စာရေး ကိရိယာ၊ အားကစား ပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း) သို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ အားကစားပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် ၃၂ သိန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံ ၆၉ စုံ၊ ကျောင်းသုံးဗလာစာအုပ်ဒါဇင် ၅၀ ၊ အားကစားပစ္စည်းများဖြစ်သည့် စားပွဲတင်တင်းနစ်ခုံ၊ ဘောလုံး၊ ပိုက်ကျော်ခြင်းလုံးနှင့်ခြင်းပိုက်၊ ဘော်လီဘောနှင့်ဘော်လီဘော ပိုက်၊ ကိုယ်လက်အားကစားပြုလုပ်ရန်စင်၊ ခြေနင်းအမှိုက်ပုံး၊ လက်ဆေးဘေစင်ပြုလုပ်ရန်ပိုက်များ၊ Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြု Face Shield ၅၀၀ ခုနှင့်ထမင်းဘူးများကို ပေးအပ်လှူဒါန်းရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)သို့ ကျောင်းဝတ်စုံ၊ စာရေး ကိရိယာ၊ အားကစားပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)သို့ ကျောင်းဝတ်စုံ၊ စာရေး ကိရိယာ၊ အားကစားပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း) သို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ အားကစားပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ငွေကျပ် ၃၂ သိန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံ ၆၉ စုံ၊ ကျောင်းသုံးဗလာစာအုပ်ဒါဇင် ၅၀ ၊ အားကစားပစ္စည်းများဖြစ်သည့် စားပွဲတင်တင်းနစ်ခုံ၊ ဘောလုံး၊ ပိုက်ကျော်ခြင်းလုံးနှင့်ခြင်းပိုက်၊ ဘော်လီဘောနှင့်ဘော်လီဘော ပိုက်၊ ကိုယ်လက်အားကစားပြုလုပ်ရန်စင်၊ ခြေနင်းအမှိုက်ပုံး၊ လက်ဆေးဘေစင်ပြုလုပ်ရန်ပိုက်များ၊ Covid-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြု Face Shield ၅၀၀ ခုနှင့်ထမင်းဘူးများကို ပေးအပ်လှူဒါန်းရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Dental Chair တစ်စုံ ပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ Dental Chair တစ်စုံ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် Dental Chair တစ်စုံပေးအပ်လှူဒါန်းခြင်းကို ဇူလိုင် ၂၈ ရက်နေ့လယ်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ပြုလုပ်ရာ နယ်မြေခံတပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး မိုးမြင့်နှင့်တာဝန်ရှိသူများ၊ မြို့နယ် ဆရာဝန်ကြီးဒေါက်တာ သန့်ဇင် နှင့်ဆရာဝန်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။ ထို့နောက် နယ်မြေခံတပ်မှ ဒုတိယဌာနချုပ်မှူး ဗိုလ်မှူးကြီး မိုးမြင့်က တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် Dental Chair တစ်စုံကို ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သောက်ရေခက်ခဲလျက်ရှိသောကျေးရွာသို့ တပ်မတော်သားများက သောက်ရေသန့်များ ဖြန့်ဝေလှူဒါန်း

သောက်ရေခက်ခဲလျက်ရှိသောကျေးရွာသို့ တပ်မတော်သားများက သောက်ရေသန့်များ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉

သောက်ရေ အခက်အခဲဖြစ်ပေါ်လျက်ရှိသော ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများက သောက်သုံး ရေများ သွားရောက်ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိပြီး ယနေ့တွင်လည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တယ်ပင်စမ်းကျေးရွာအုပ်စု၊ ပိုင်းတန့်ကြီး သဲတိုက်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၃၀ ဘူးနှင့် စလေမြို့၊ ဥယျာဉ်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူးတို့ကို သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ ဇူလိုင် - ၂၉


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ ကချင်ပြည်နယ်၊ ပူတာအို မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ လင်းခေးမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့ရှိပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် မိုင်းယောင်းမြို့ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကင်း မြို့နယ်၊ ရန်ကင်းကလေးဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်ကြားရေးနှင့် အထွေထွေရောဂါ ကုဆေးရုံ ကြီး၊ အင်းစိန်မြို့နယ်၊ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကွင်းကောက်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပြည်သူ့ ဆေးရုံနှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အထွေထွေ ရောဂါ ကုဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ မိုင်းမောတိုက်နယ် ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ မကွေးသင် ကြားရေးဆေးရုံ၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ ဆေးရုံနှင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးများ၊ ပဲခူးမြို့၊ ဖြူးမြို့နှင့် ရေတာရှည်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုး တို့ကို တပ်မတော်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော် စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချို သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၉


ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူ နေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိ သည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့ရှိ ပြည်သူ့ဆေးရုံ များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ပြည်သူ့ ဆေးရုံ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ ဆေးရုံ၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အထူးကုဆေးရုံ၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်တိုက်နယ် ဆေးရုံ၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဥက္ကံတိုက်နယ်ဆေးရုံ၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တိုက်နယ်ဆေးရုံ၊ သန်လျင်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ ကျိုက်ပိတိုက်နယ်ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ ဝက်ဝံတိုက်နယ်ဆေးရုံနှင့် ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပြည်မြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၉

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ် ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အဘယာ ရာမပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မချီနူကျေးရွာ၊ မချီနူဘုန်းတော်ကြီး ကျောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ ပုလဲရတနာပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမိတ်မြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဖယ်ခုံမြို့၊ ခိုလမ်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ဘားအံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင် များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့ စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလို လက်သန့် ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်း နှင့် ဆေးဝါးများ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး