စစ်သား...
နေလောင်ခံအသားအရည်နဲ့
ကြယ်ရောင်ကိုခစားနေရတဲ့မနုဿ
လူစားတွေပေါ့.....
စစ်စိမ်းရောင်ခစားတဲ့ ဝတ်စုံ
ချွေးရနံ့ထုံထုံက YBS တိုးစီးနေတဲ့
လူသားတွေလောက် သင်းပျံ့ထုံနေမှာ
မဟုတ်ဘူး......
မောင်းပြန်သေနတ်ကို လက်စွဲတော်လုပ်
တစ်ပတ်စာ ရိက္ခာ နဲ့ ခဲယမ်းအစုံပါတဲ့
အိတ်ကိုကျောပိုး အမုန်းတံတားထိုးပြီး
မြန်မာပြည် အရှေ့နဲ့ အနောက် မှသည်
တောင်မှမြောက်သို့မကျန် ခေါက်တုံ့ခေါက်ပြန်
ခြေလျင် နှံခဲ့ရဘူးပြီ......
မတက်ဘူးတဲ့တောင် မဖြတ်ဘူးတဲ့တော
မကူးဘူးတဲ့ မြစ် မမျှောဘူးတဲ့ချောင်း
လက်ချိုးရေတွက်ရလို့ကောင်းရဲ့......
နေပူပူမှာ လေပူပူထဲ ခြေကန်လို့လဲ
သွားခဲ့ဘူးပြီ......
စိုစွတ်စွတ်မိုးစက် ရွံနွံတွေအထပ်ထပ်
ခြေဖဝါးတွေသွေးစိမ်းထွက်အောင်
နင်းဖြတ်လို့လဲသွားဘူးပြီ....
သွေးခဲမတတ်အအေးဓာတ်ကြားမှာ
ချွေးထွက်ပြီးပန်းလုလုအထိကျော်ဖြတ်ခဲ့ဘူးပြီ....
ဥတုသုံးပါးကို ဂရုမပြုအားခဲ့ပေမဲ့
ကျုပ်တို့အညတရလူသားတွေကို
မုသားကြီးကြီးနဲ့ ရစ်ပတ် နောက်ဆုံးတော့
စစ်ခွေးဆိုတဲ့ နာမ်စားနဲ့ ပစ်သတ်ခဲ့ကြတယ်
ဪ......တုနိုင်းဖွယ် ဂုဏ်ဒြပ်က
ကျုပ်တို့သေရင် လွမ်းခြုံပေးတဲ့
အလံရွက်ထက်တောင် တန်ဖိုး
မတက်ခဲ့ပါလားနော်........
#လရောင်အောက်ကစစ်သည်တော်.....
0 comments:
Post a Comment