**သွေးကစကားပြောသည်**
ရေး/ဆို - အကော်ဒီယံ အုန်းကျော်
ငယ်ငယ်တုန်းက ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကျင်းပမယ်ဆိုရင် ဒီသီချင်းကို ဖွင့်ကြတယ်။ လှေလှော်ပြိုင်ပွဲတွေ၊ လွတ်လပ်ရေး၊ ပြည်ထောင်စုနေ့၊ ကျောင်းသားအားကစားပွဲတွေမှာ အမြဲဖွင့်တယ်။ အမှတ်ရမိပါတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာပေါ့... နိုင်ငံတော်က လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအစပျိးခါစဖြစ်မယ်ထင်ပါတယ်။
ငယ်ဘဝဆိုတော့ သီချင်းရဲ့အဓိပ္ပါယ်ကို နားမလည်ခဲ့ပေမဲ့ နားထောင်လို့ကောင်းတော့ အလွတ်ရသလိုဖြစ်နေတယ်။ ကာရာအိုကေ စာတမ်းပါ သီချင်းလိုက်ဆိုမှပဲ သီချင်းစာသားရဲ့ အနှစ်သာရကို ခံစားမိခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ အာဇာနည်ကြီးများ အရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ပြည်ထောင်စုအောက်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေ ဥမကွဲ သိုက်မပျက်ပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူလက်တွဲနေထိုင်ပြီး ခေတ်မှီတိုးတက်တဲ့ အမိနိုင်ငံတော်ကြီးကို အတူတည်ထောင်ကြဖို့ တိုက်တွန်းပါရစေဗျာ...
`လက်သည်းစိပ်တော့ လက်ထိပ်နာ´ဆိုသလိုပဲ တိုင်းရင်းသားဆိုတဲ့ မောင်နှမတွေနဲ့ တည်ဆောက်တဲ့ ပြည်ထောင်စုကို ပြည်တွင်းပြည်ပ အဖျက်ပယောဂကြောင့် အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီး ခွတ်ကြတဲ့အဖြစ် မဖြစ်စေချင်ပါဘူးဗျာ... ဘယ်တိုင်းရင်းသား လူမျိုးပဲထိထိ တပ်မတော်က ရင်ဆိုင်ဖြေရှင်းရစမြဲပါဗျာ...
အတိတ်ကဟာတွေကို အတိတ်မှာချန်ထားခဲ့ကြပါဗျာ... လူမျိုးရေးအမြင်မကျဉ်းကြပါနဲ့ဗျာ... တိုင်းသားလူမျိုးစုတိုင်းမှာတော့ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေထိုင်လာခဲ့ပေမဲ့ အယူမသည်းကြဖို့ တိုက်တွန်းလိုပါတယ်။
ပြည်ထောင်စုကြီး ငြိမ်းချမ်းစည်ပင်ဝပြောပါစေလို့ ဆန္ဒပြုရင်း...
credit-
0 comments:
Post a Comment