
ကျော်စိုးဦး ၊ ဝလုံး ၊
မင်းထင်ကိုကိုကြီးတို့နဲ့ ပတ်သတ်ပြီးတော့ မြန်မာနိုင်ငံကတရားစီရင်ရေး
အပေါ်များစွာ စိတ်ပျက်မိပါတယ်လို့ အမေရိကန်သံရုံးကကြေငြာချက်ထုတ်တာဟာ
အတော်လေးကို လက်ရှိအစိုးရအပေါ် မထီမဲ့မြင်နိုင်လွန်းပါတယ်။
အထူးသဖြင့်
သံတမန်ရေးအရ ဖွင့်ခွင့်ပြုထားသည့် သံရုံးက အိမ်ရှင်နိုင်ငံရဲ့
တရားစီရင်ရေးကို ဝင်စွက်ဖက်တာဖြစ်တယ်။ ဒါဟာ သံတမန်ကောင်းတို့ရဲ့ လုပ်ရပ်
၊ လူကြီးလူကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ သူတို့လိုမျိုး
အမေရိကန်ရဲ့တရားစီရင်ရေးကို အမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက
ဒီလိုထုတ်ပြန်ချက်မျိုးနဲ့ ဝေဖန်မယ်ဆိုရင် အမေရိကန်တွေ လက်ခံမလား။
အားလုံးပဲ စဉ်းစားကြည့်နော်။
နောက်တစ်ခုက လွတ်လပ်စွာပြောဆိုခွင့်အတွက်
သည်းခံမှုမရှိဘူးဆိုပြီး အစိုးရကို တိုက်ရိုက် ဝေဖန်ပါတယ်။
ဒါဆိုအမေရိကန်သံရုံးက သံအမတ်ကြီးနှင့်တကွ တာဝန်ရှိသူတွေကို တစ်ခုလောက် တော့
မေးချင်ပါတယ်။ စီအိုင်အေကသတင်းတွေကို ကမ္ဘာသိအောင် ထုတ်ပြောလိုက်တဲ့
စနိုးဒင်းကို အမေရိကန်က ဘာကြောင့်လိုက်ဖမ်းနေတာလဲ။
လွတ်လပ်စွာပြောဆိုနိုင်စွမ်းရှိသူအဖြစ် ဆုချမလို့လား။
ရှင်းရှင်းလေးပါ။ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကို
ကမ္ဘာ့နိုင်ငံအနှံ့တင်သွင်းနေတဲ့ အမေရိကန် မှာတောင် ဒီလိုအဖြစ်အပျက်မျိုးကို
လက်မခံပဲ မြန်မာနိုင်ငံမှာမှ စကားကြီးစကားကျယ် ပြောနေတာ
သံအမတ်ကြီးကိုယ်စား ရှက်စိတ်ဝင်မိတယ်။
အဲ့တော့ အမေရိကန် သံရုံးရေ..။
နေရာတကာ ဝင်ဝင်ပါနေတာရပ်ပါတော့။ ကိုယ့်နိုင်ငံမှာ
လွတ်လပ်စွာဝေဖန်တဲ့စနိုးဒင်းကို နိုဗယ်ဆုပေးပြီးမှပဲ မြန်မာနိုင်ငံကို
လွတ်လပ်စွာပြောဆိုခွင့်တင်သွင်း လှည့်ပါကမ္ဘာ့ငပွပြီးရေ..။
Wednesday, April 24, 2019
ကမ္ဘာ့ငပွကြီးသို့ ပေးစာ…
April 24, 2019
No comments
0 comments:
Post a Comment