၁။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ မှာ စုစုပေါင်း အဖွဲ့ (၇)ဖွဲ့ ရှိပါတယ် ။ UWSA ၊
KIA ၊ NDAA ၊ SSA ( SSPP ) ၊ TNLA ၊ MNDAA ၊ AA တို့ ဖြစ်ပါတယ် ။
အဲဒီထဲကမှ KIA ၊ TNLA ၊ MNDAA ၊ AA အဖွဲ့ လေးဖွဲ့ နဲ့  တိုက်ပွဲတွေ
ဖြစ်ပွားနေဆဲဖြစ်ပြီး ကျန်သုံးဖွဲ့ နဲ့ က တိုက်ပွဲတွေ မရှိပါဘူး ။
SSA ( SSPP ) ဆေးထင်အဖွဲ့ က TNLA နဲ့  မဟာမိတ်လုပ်ပြီး SSA (RCSS)
ရွက်ဆစ်အဖွဲ့ နဲ့  စစ်ဖြစ်နေတဲ့ အတွက် နယ်မြေတွင်း တပ်နဲ့  ထိတွေ့ မှုလေးတွေတော့ ရှိတတ်ပါတယ် ။
--------------------------
၂။ FPNCC ဆိုတာက Federal Political Negotiation Consultative Committee ပါ
။ အထက်မှာပါတဲ့  အဖွဲ့ ၇ဖွဲ့ ကိုပဲ ၀ရဲ့  ဦးဆောင်မှုနဲ့  ဖွဲ့ ထားတဲ့ 
နိုင်ငံရေးကော်မတီဖြစ်ပါတယ်
အဓိကကတော့ ၀ပြည်နယ်ကိစ္စကျန်တဲ့ သူတွေ ထောက်ခံပေး ဒါဆို ၀ကလဲ အဲဒီအဖွဲ
့တွေကို အထောက်အပံ့ ပြုမယ် ။ NCA မဟုတ်သော သီးခြား
နိုင်ငံရေးပုံစံတစ်မျိုးနဲ့  သွားမယ်ဆိုပြီး အစိုးရကို ဆွေးနွေးနေတဲ့ 
ကော်မတီဖြစ်ပါတယ် ။
--------------------------
၃။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့  အဖွဲ့ လေးဖွဲ
့ဖြစ်တဲ့  KIA ၊ TNLA ၊ MNDAA ၊ AA အဖွဲ့ လေးဖွဲ့ က စစ်ရေးမဟာမိတ်တွေ
ဖြစ်ပါတယ် ။ ပူးပေါင်းပြီး တိုက်ကွက်ဖော်တာမျိုးတွေလဲ လုပ်တတ်ပါတယ် ။
ဥပမာအားဖြင့် မူဆယ် ၁၀၅မိုင် နဲ့  မုံးကိုးကို ၀င်တိုက်တဲ့ ကိစ္စမျိုးမှာ
အားလုံးစုပေါင်းပြီး ၀ိုင်းတိုက်ကြတဲ့ ပုံစံမျိုးပါ ။
မုံးကိုးစခန်းကို ၀င်တိုက်တုန်းက MNDAA က အဓိက ၀င်တိုက်ပြီး ကျန်တဲ့ အဖွဲ
့တွေက ဒေသတွင်း ဟန်ပြတိုက်ပွဲတွေ အများကြီးလုပ်တာမျိုး ၊
စစ်ကူစစ်ကြောင်းတွေ အချိန်မီမရောက်အောင် နှောက်ယှက် ပိတ်ဆို
့တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့ကြပါတယ် ။
ကျန်တဲ့ အဖွဲ့ သုံးဖွဲ့ ကတော့ စစ်ရေးလှုပ်ရှားမှုတွေမှာ တိုက်ရိုက်ဝင်ရောက်တိုက်ခို
--------------------------
၎။ ၂၀၁၈ ဒီဇင်ဘာ ၂၁ မှာ တပ်မတော်က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို
လေးလရပ်တန့် ပေးခဲ့ပါတယ် ။ အဲဒီ အပစ်ရပ်ကာလလေးလအတွင်း NCA မထိုးရသေးတဲ့ 
အဖွဲ့ တွေဟာ Biliteral ထိုးရေး တွေ့ ဆုံဆွေးနွေးကြဖို့ ဖြစ်ပါတယ် ။
အဲဒီ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ 
တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုအတွင်းမှာ ဖြစ်ပြီး ရခိုင်ဒေသကတော့
အာဆာပြသနာကြောင့် ချန်လှပ်ထားခဲ့ပါတယ် ။
အဲဒီအခြေအနေမှာပဲ AA အဖွဲ
့က ၂၀၁၉ လွတ်လပ်ရေးနေ့ မှာ ရခိုင်ပြည်က နယ်ခြားစောင့်ရဲကင်းတွေကို
ဝင်တိုက်ပြီး ရခိုင်ဒေသတွင်း တိုက်ပွဲတွေကို စတင်ခဲ့ပါတယ် ။
--------------------------
၅။ AA အဖွဲ့ အနေနဲ့  တိုက်ပွဲရဲ့ အစပိုင်းမှာ ရဲကင်းစခန်းတွေကို အဓိကထားပြီး တိုက်ကွက်ဖော်နိုင်ခဲ့တာတွေ
ဖြိုးဖြိုးဖြောက်ဖြောက်တိုက
--------------------------
၆။ တကယ့်မြေပြင် အခြေအနေကတော့ အေအေအဖွဲ့ တွေဟာ တဖြည်းဖြည်းနဲ့ 
ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံလာရတာပါ ။ အစိုးရရဲ့ ကြီးကြပ်မှုနဲ
့သာ လှူဒါန်းရမယ်လို့  ကန့် သတ်လိုက်တဲ့ အတွက် ကယ်ဆယ်ရေးအမည်ခံ
ရိက္ခာစုဆောင်းရေးအဖွဲ့ တွေ အတော်ဒုက္ခရောက်ကုန်ပါတယ် ။
တစ်ခါ
ရေလမ်းကြောင်းတွေကိုပါ တပ်မတော်ရေက ပိတ်ဆို့ လာပြီဖြစ်လို့  ရေလမ်းက၀င်လာတဲ
့ ရိက္ခာခဲယမ်းတွေဟာလဲ အတော်လေးကို ခက်ခက်ခဲခဲ ဖြစ်လာပါတယ် ။
အဲဒီအခြေအနေရဲ့ နောက်ဆက်တွဲကတော့ တောတွင်းက အေအေ အခြေစိုက်စခန်းတွေ လေ့ကျင့်ရေးစခန်းတွေ တစ်ခုပြီးတစ်ခု ရှင်းခံရတော့တာပါပဲ ။
ဆိုလိုတာက အေအေရဲ့  တိုက်ပွဲခေါ်သံဇာတ်ကားကြီးဟာ
--------------------------
၇။ အရှုံးပေါ်လာတဲ့  တိုက်ပွဲခေါ်သံ ဇာတ်ကားကို ပြန်ပြီး လူဝင်အောင် လုပ်ဖို
့ ဆောင်ရွက်လာတဲ့  နောက်ဆုံးကြိုးတစ်မျှင်က အေအေကို ထိုးစစ်ဆင်မှုတွေ
မရပ်တန့် လျှင် သူတို့ အနေနဲ့  လုပ်သင့်လုပ်ထိုက်တာတွေလုပ်
အမှန်ကတော့ ကြေငြာချက်မထုတ်လဲ ဒီလကုန်မှာ အပစ်အခတ်ရပ်စဲရေးလေးလက
ပြည့်ပြီမို့  ထုတ်ထုတ် မထုတ်ထုတ် သိပ်တော့မထူးပါဘူး ။ ထူးခြားတာက
အဲဒီလိုထုတ်တဲ့ အထဲ KIA ပါမလာတော့တဲ့ ကိစ္စပါ ။
--------------------------
၈။ ကေအိုင်အေဟာ တံတားညီနောင် တိုက်ပွဲမူဗီကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်ပြီးတဲ
လေးလလောက်ကြာတဲ့  တိုက်ပွဲစဉ်တွေအပြီး တပ်မတွေ ပြန်ဆင်းသွားချိန်ကတည်းက
တပ်နဲ့  တိုက်ပွဲထပ်မဖြစ်သလောက် ရှိသွားတာ ဒီနေ့ ဒီအချိန်အထိပါပဲ ။
အခုလဲ မနေ့ က ထုတ်ပြန်တဲ့ စစ်ရေးအရ ပြန်လုပ်ဆောင်မယ်ဆိုတဲ့  ကြေငြာချက်မှာ ကေအိုင်အေ မပါလာတဲ့  ကိစ္စကို ကြိုဆိုရမှာ ဖြစ်ပါတယ် ။
NCA ထိုးဖို့ ပါ စဉ်းစားနေပြီဆိုလျှင်တော့ ပြောဖွယ်ရာမရှိတော့ပြီပေါ့ေ
--------------------------
၉။ TNLA ၊ MNDAA နဲ့  AA အဖွဲ့ သုံးဖွဲ့ ကတော့ စုပဲတိုက်တိုက် ခွာပဲတိုက်တိုက် ဘာမှ အရေးမကြီးပါ ။ ကြိုက်သလို တိုက်နိုင်ပါတယ် ။
တိုက်ပွဲစဉ် အချို့ နိုင်ကောင်း နိုင်ပါလိမ့်မယ် ။ သို့ သော် နောက်ဆုံး
တပ်က တကယ် အင်ပြည့်အားပြည့် အုပ်ပြီဆိုမှသာ အိညှောင့်ကွညှောင့်
အသံထွက်မလာဖို့ ကြိုပြောချင်ပါတယ် ။
သူပုန်က ဖွဲ့ ထားတဲ့ 
အရပ်ဘက်အဖွဲ့  အစည်းတွေလဲ ကြေငြာချက်ထုတ်တာထက်ပိုတဲ့  သူပုန်အားပေးလှုံ
့ဆော်မှုမျိုးတွေ လုပ်လာမယ်ဆိုလျှင် ၁၇(၁) အပါအ၀င် ၅၀၅(ခ) ၊ ငြိမ်းစုစီ
၊၆၆(ဃ) တို့ ကိုပါ ကြိုတင်ပြီး ကျေညက်အောင်လေ့လာထားဖို့ အကြံပြုလိုပါတယ် ။
အမှန်ကတော့ သူပုန်စပွန်ဆာယူထားတဲ့ CSO တစ်ချို့ ရဲ့ နည်းနာတွေက လွန်ခဲ့တဲ
့ငါးနှစ်လောက်ကတော့ အလုပ်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။ ဒီနေ
့ဒီအချိန်မှာတော့ ဒိတ်အောက်သွားပြီ ။ လူတိုင်းလဲ သိနေပြီလို့ သာ ဆိုရမှာပါ ။
--------------------------
၁၀။ လိုင်ဇာက ထွန်းမြတ်နိုင်ကို အသိပေးချင်ပါတယ် ။ ခင်ဗျား စတဲ့ 
ဇာတ်ကြောင့် ရခိုင်ပြည်ကြီးက ရလာတာက ဒုက္ခသည်စခန်းတွေ နဲ့ 
ငတ်မွတ်ခေါင်းပါးမှုတွေသာ ဖြစ်ပါတယ် ။
ခင်ဗျား ဂြိုလ်မမွှေခင်က ရခိုင်ပြည်ဟာ ဆင်းရဲသည်ဆိုအုန်းတော့ အခုလို သားတစ်ကွဲ မယားတစ်ကွဲ ၊ဒုက္ခသည်စခန်းတွေ မှိုလို မပေါက်ခဲ့ပါဘူး ။
အဲဒီတော့ ခင်ဗျားမွှေတဲ့ ဇာတ် ခင်ဗျား ရပ်ဖို့ လိုပါတယ် ။ ခင်ဗျား
တပည့်တွေကို ခင်ဗျားတို့ ရဲ့ ဇာတိချက်ကြွေ လိုင်ဇာမြေကို ပြန်ခေါ်လိုက်လျှင်
ရခိုင်ပြည်ကြီး ငြိမ်းချမ်းသွားမှာပါ ။ လိုရင်းက ဒါပါပဲ ။
--------------------------
၁၁။ ငါတို့ အားလုံး အေအေ ဆိုလျှင် အားလုံး ရောအုပ်ခံရမှာပါ ။
ငါတို့ အားလုံး NCA ဆိုတာကသာ ပိုပြီး လက်တွေ့ ကျပါတယ် ။
--------------------------
ရဲမိုး
Ps ။ စခရင်ရှော့က ရခိုင်စစ်မြေပြင်က တိုက်ပွဲဝင်စစ်သည်တစ်ဦး ရေးထားတဲ့ စာက စခရင်ရှော့ပါ ။
Wednesday, April 24, 2019
ငါတို့ အားလုံး NCA ဆိုတာကသာ ပိုပြီး လက်တွေ့ ကျပါတယ်
April 24, 2019
No comments
0 comments:
Post a Comment