Wednesday, April 3, 2019

ဂျပန်နိုင်ငံမှာအောင်မြင်နေတဲ့ မြန်မာဘော်လီဘောလက်ရွေးစင် တပ်​မ​တော်​သားကစားသမား​လေး အောင်သူ


ဂျပန်နိုင်ငံမှာအောင်မြင်နေတဲ့ မြန်မာဘော်လီဘောလက်ရွေးစင် တပ်​မ​တော်​သားကစားသမား​လေး အောင်သူ

Image may contain: 1 person, text
အားကစားနဲ့ ပတ်သက်လာရင် အလေးပေးပျိုးထောင်မှုနည်းလှတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တကယ်တမ်း ထူးချွန်တဲ့ ပါရမီရှင် ကစားသမားတွေ ရှိနေပြီး တချို့သူတွေ စိတ်မဝင်စား၊ သတိမထားမိကြပါဘူး။ နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်ရိုက် အားကစားမယ်၊ စစ်တုရင် ချန်ပီယံ၊ လက်ဝှေ့ ချန်ပီယံအပြင် နောက်ထပ် ဘောလီဘော ချန်ပီယံတစ်ဦးလည်း ရှိနေပါသေးတယ်။ မြန်မာ့ရေမြေမှာ မွေးဖွားတဲ့ တပ်မ​​တော်သား​အင်းသားတစ်ယောက်က ဂျပန် ဘော်လီဘောကလပ်မှာ လက်စွမ်းထက်တဲ့ အသင်းသားတစ်ယောက် ဖြစ်နေပြီဆိုတာ သိတဲ့လူ နည်းနေပါသေးတယ်။

အောင်သူက တပ်​မ​တော်​ကာကွယ်​​ရေး အမျိုးသား​ ​ဘော်​လီ​ဘောအသင်းမှ ​မွေးထုတ်​​ပေးလိုက်​ကာ မြန်မာ့လက်ရွေးစင် ဘော်လီဘောအသင်းမှာ ကနဦးပါဝင်ခဲ့ပြီး ၂၀၁၅ အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၀၊ ၂၀၁၄ မှာ ကျင်းပခဲ့တဲ့ Asia Games တွေမှာလည်း ပါဝင်ဆင်နွှဲခဲ့ပြီး အာရှအမျိုးသား ယူ-၂၃ ဘော်လီဘော ချန်ပီယံရှစ် ယှဉ်ပြိုင်ချိန်မှာတော့ နိုင်ငံပေါင်း (၁၆) နိုင်ငံအနက် မြန်မာက နံပါတ် (၅) နေရာ ချိတ်ခဲ့ပါတယ်။

Image may contain: 1 person
ဘော်လီဘောအားကစားမှာ ပိုတိုးတက်လာတဲ့​အောင်သူ ဆိုရင်ဖြင့်​​ထိုင်းနိုင်ငံ Chonburi အခြေစိုက် အမျိုးသားဘော်လီဘောအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၅ ထိ၊ Nakhon Ratchasima အသင်းမှာ ၂၀၁၅ ကနေ ၂၀၁၈ ထိ ကစားခဲ့ပြီး လက်ရှိမှာတော့ ဂျပန်နိုင်ငံ Mishima မြို့အအခြေစိုက် ဂျပန်အမျိုးသား ဘော်လီဘောအသင်း Toray Arrows မှာ ကစားနေပါတယ်။

လက်ရည်ကောင်းလွန်းလို့ first-line up ဝင်တဲ့ ကစားသမားဖြစ်နေသလို ဆုပေါင်းများစွာကို သိမ်းပိုက်ထားပြီး အသင်းအပေါ် အကျိုးပြုနိုင်လို့ ဂျပန်ကလပ်အသင်းရဲ့ အားထားခြင်းကို ခံနေရပါပြီ။ အောင်သူက အသက် (၂၅) နှစ် ရှိပြီဖြစ်ပြီး အရပ်အမြင့်ကတော့ (၁၉၀) စင်တီမီတာ/ (၆.၂) ပေ ရှိပါတယ်။ ရှမ်းပြည်နယ်၊ အင်းလေးဒေသက သလဲဦးရွာသား အင်းဆားကူး တစ်ယောက်လည်း ဖြစ်သလို တပ်​မ​တော်​ဂုဏ်​​ဆောင်​ တပ်​မ​တော်​သားကစားသမားတစ်​ဦးလဲဖြစ်​​ကြောင်းတင်​ပြလိုက်​ရပါတယ်​။

credit-
 
Image may contain: 4 people, people smiling, people standing and text 
 
Image may contain: 2 people, people smiling, text 
 
Image may contain: 3 people, people smiling, people standing and text 
 
Image may contain: 3 people, people smiling, text and closeup 
 
Image may contain: 2 people, people playing sports 
 
 

0 comments:

Post a Comment