Sunday, April 21, 2019

မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်တပ်ဦးကျောင်း၌ စုပေါင်းလုပ်အားဒါနပြုလုပ်





မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်တပ်ဦးကျောင်း၌ စုပေါင်းလုပ်အားဒါနပြုလုပ်

နေပြည်တော် ဧပြီ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်တပ်ဦးကျောင်းရှိ အောင်သပြေတစ်ထောင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊မြစ်ကြီးနားတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များက ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေကန်များသန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ အောင်သပြေတစ်ထောင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်များအား သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ကျောင်းတိုက်အ၀င်လမ်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းတို့ကို လုပ်အားဒါနအဖြစ် စုပေါင်းဆောင်ရွက်ပေး

ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးဗိုလ်ချုပ်တေဇကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့


0 comments:

Post a Comment