
စစ်သားမယားဖြစ်ရင် မိသားစုအပေါ်
အချိန်မပေးနိုင်တာကိုလည်း နားလည်ပေးနိုင်ရမယ်...
စစ်သားမယားဖြစ်ရင်
အသိုင်းအဝိုင်းဆွေမျိုးတွေနဲ့ အတိုက်အခံပါတီထောင်ရလိမ့်မယ်...
စစ်သားမယားဖြစ်ရင်
ပတ်ဝန်းကျင်က မေးငေါ့အပြစ်တင်မှုတွေကိုလည်း ခံနိုင်ရည်ရှိရမယ်...
စစ်သားမယားဖြစ်ရင်
တပ်ကပေးတဲ့လစာကိုလည်း လောက်ငှအောင် သုံးစွဲတတ်ရမယ်...
စစ်သားမယားဖြစ်ရင်
အချိန်မရွေးခွဲခွာသွားနိုင်တဲ့ လင်တော်မောင်အပေါ်လည်း
သစ္စာရှိရှိနဲ့ မေတ္တာဓာတ်တွေ ဖေးမနိုင်ရမယ်...
စစ်သားမယားဖြစ်ရင်
တာဝန်နဲ့ ဝတ္တရားတွေကြား မအားလပ်တဲ့ ချစ်ခင်ပွန်းရဲ့
ပါးပြင်ပေါ်က ချွေးစက်လေးတွေကိုလည်း သုတ်ပေးနိုင်ရမယ်...
စစ်သားမယားဖြစ်ရင်
တပ်အဝင်လမ်းမှာ အောင်သပြေကိုင်လျက်
အမျှော်လင့်ရဆုံးနေ့လေးတွေကို တွေးရင်းရင်ခုန်ရမယ်...
စစ်သားမယားဖြစ်ရင်
ပုခတ်လွှဲတဲ့ လက်အစုံဟာ
စက်သေနတ်ကို ပြောင်းကိုင်သင့်လည်း ကိုင်ရမယ်...
စစ်သားမယားဖြစ်ရင်
ခန္ဓာကိုယ်ကို နိုင်ငံ့မြေသြဇာအဖြစ် စစ်မြေပြင်မှာ
အသက်ပေးထားတဲ့ လင်တော်မောင်နဲ့ အချိန်မရွေး
ဖတဆိုးဖြစ်နိုင်တဲ့ ရင်သွေးလေးတွေအတွက်လည်း ဖြေသိမ့်ပေးနိုင်ရမယ်...
စစ်သားမယားဖြစ်ရင်
ကိုယ့်ဆန္ဒကိုယ်မျိုသိပ် အရာရာကို ဖြည့်ဆည်းပေးနိုင်တဲ့
ပါရမီဖြည့်ဖက်ကောင်း တစ်ဦးဖြစ်ဖို့ကြိုးစားရမယ်...
credit-
0 comments:
Post a Comment