"စစ်ဖိနပ်က "ညစ်ပတ်နေတော့
အထွဋ် အမြတ်ဆိုတဲ့နေရာတွေကို
မတက်တတ်ပါဘူး

ကျွန်တော်တို့ က ရှက်တတ်ပါတယ် !
မလွတ်လပ်ပါဘူး ကျွန်တော်တို့ဘဝက
အသက်ထပ်ပြီး အလုပ်လုပ်
တိုင်းပြည်ရဲ့ အမှိုက်စုတ်တွေကိုတိုက်ထုတ်
မိုက်လို့ တော့မဟုတ်ပါဘူး
ရင်ထဲက သစ္စာကြောင့်ပါ ...
နေရာတကာဝင်ပါတယ်လို့ တော့
မမြင်ကြပါနဲ့..
ကျွန်တော်တို့ က
ပြည်သူ ကမွေး
ပြည်သူ့သွေးတွေပါ
ပြည်သူ့ အရေးမှာ မနေသာလို့ ဝင်ပါမိကြတာပါ
ပြည်သူ့ ဒုက္ခ ကျွန်တော်တို့ ဒုက္ခပါပဲ
မလုပ်ကြပါနဲ့လို့ ပြောလည်း
လုပ်ကြမှာပဲ
ဒါက ..
သမိုင်းပေးတာဝန်မို့ ပါ
တစ်ခုတော့ပြောပါရစေ
ဘာသာသာသနာကိုထိရင်တော့
မချိအောင် ကျွန်တော်တို့ နာတတ်ပါတယ်
လွပ်လပ်စွာကိုးကွယ်ယုံကြည်မှု့ကို
အပြစ်မပြောပေမယ့်
ဇကော လောက်မှ ဇောက်မနက်
ကိုယ့်ပြည် ကိုယ့်မြေ မှာနေပြီး
ကိုယ့် ဘာသာ ကိုယ့်သာသနာ
ကိုယ့်လူမျိုးကို ထိပါးလာရင်တော့
အဲ့ကောင်တွေ အသိတရားရသွားအောင်
ငပိစားပြီးတိုက်ရတိုက်ရ
မိုက်ပါရစေတော့....
ကျနော် စစ်သားပါ ...
credit-
0 comments:
Post a Comment