Wednesday, April 24, 2019

မြန်မာကို ယုံကြည်ရတဲ့မဟာမိတ်အဖြစ် ရုရှားသတ်မှတ်

Image may contain: 2 people, people smiling, people standing


မြန်မာနိုင်ငံကို ရုရှားရဲ့ယုံကြည်ရတဲ့မဟာမိတ်အဖြစ်ရော အရှေ့တောင်အာရှနဲ့ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ဗဟာဗျူဟာမိတ်ဖက်အနေနဲ့ရော စဉ်းစားထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu ကပြောလိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရုရှားနိုင်ငံကို ရောက်နေတဲ့အချိန်မှာပြောလိုက်တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ မော်စကိုမြို့မှာ ကျင်းပနေတဲ့ ရှစ်ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ တက်ရောက်နေတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ဟာ ရုရှားရဲ့ စစ်လက်နက်စက်ရုံတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ဒေသတွင်းသတင်းမှာ ဖော်ပြထားပါတယ်။

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu တို့ ရုရှားနိုင်ငံမှာ ဧပြီလ ၂၄ရက်နေ့က တွေ့ဆုံစဉ်။

Credit: RFA

0 comments:

Post a Comment