နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ်
နေပြည်တော်
ဧပြီ ၂၂ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ မိသားစုဝင် ကျောင်းသား၊
ကျောင်းသူများအတွက် ဖွင့်လှစ်သည့် နွေရာသီအားကစား သင်တန်းများဖြစ်သော
မြန်မာ့သိုင်းသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်းနှင့် ရေကူးသင်တန်းများ
ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌
ပြုလုပ်
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက သင်တန်းဖွင့်
အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသား
ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါသင်တန်းများကို ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်
ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး ကျန်းမာကြံ့ခိုင်မှု
ရှိစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာ့သိုင်းသင်တန်းတွင်
သင်တန်းသား၊ သင်တန်းသူ ၁၅ဝ ဦး၊ တိုက်ကွမ်ဒိုသင်တန်းတွင် သင်တန်းသား၊
သင်တန်းသူ ၁ဝဝ ဦးနှင့် ရေကူးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁ဝဝ
ဦးတို့ဖြင့် မေ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း
အလားတူ မြန်မာ့သိုင်းအခြေခံ သင်တန်း
အမှတ်စဉ်(၁/၂ဝ၁၉)ဖွင့်ပွဲကို မှော်ဘီမြို့နယ်ရှိ တပ်နယ်ခန်းမ၌ပြုလုပ်ရာ
တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများအား
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ အဆိုပါမြန်မာ့သိုင်း
အခြေခံသင်တန်းတွင် သင်တန်းသား ၅ဝ ဦးဖြင့် ဇူလိုင် ၁၂ ရက်အထိ
ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်
Monday, April 22, 2019
နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန် နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ်
April 22, 2019
No comments
0 comments:
Post a Comment