Saturday, April 27, 2019
ကျောက်ဖြူမြို့နယ်၊ အစိုးရရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း AA အကြမ်းဖက်သောင်းကျန်း သူများ ထောင်ထားသော အဝေးထိန်းဒေသန္တရလက်လုပ်မိုင်း တစ်လုံးတွေ့ရှိ
April 27, 2019
No comments
ကျောက်ဖြူမြို့နယ်၊ အစိုးရရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း AA အကြမ်းဖက်သောင်းကျန်း သူများ ထောင်ထားသော အဝေးထိန်းဒေသန္တရလက်လုပ်မိုင်း တစ်လုံးတွေ့ရှိ
နေပြည်တော်၊ ဧပြီ - ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အစိုးရရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်း အတွင်း၌ မသင်္ကာဖွယ်ရာ ပေါက်ကွဲစေတက်သည့် ပစ္စည်းတစ်ခုတွေ့ရှိကြောင်း သတင်းအရ ကျောက်ဖြူတပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ ၀င်များက ဧပြီ ၂၆ နေ့လည်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၏နေအိမ်အရှေ့ဘက် ပေ ၂၀ ခန့်အကွာ၌ ကွန်ကျူးပိုက်အပြာရောင်ဖြင့်ပြုလုပ်ထားသော အချင်း ၄ လက်မ၊ အမြင့် ၆ လက်မခန့်ရှိ အဝေးထိန်း ဒေသန္တရလက်လုပ်မိုင်း တစ်လုံးအား တွေ့ရှိခဲ့သဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူများ ဘေးအန္တရာယ်မရှိစေရေးအတွက် မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူအသုံးပြုသွားလာ လျက်ရှိသည့် လမ်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်းများ ဆက်တိုက်ဆောင်ရွက်လာသည့်အပြင် ယခုကဲ့သို့ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဌာနဆိုင်ရာအဆောက်အဦများအားဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်လာနိုင် သောကြောင့် အများပြည်သူများအနေဖြင့် ပေါက်ကွဲစေတက်သည့်ပစ္စည်းဟု ယူဆရသော မသင်္ကာဖွယ် ရာများ တွေ့ရှိပါက ဘေးအန္တရာယ်မရှိစေရေးအတွက် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အချိန်မီအကြောင်းကြား ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းအန္တရယ် ကင်းရှင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment