Tuesday, April 23, 2019

မောင်တောမြို့နယ်၌ ARSAအဖွဲ့ မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်နေရာ တစ်ဝိုက်မှ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ

မောင်တောမြို့နယ်၌ ARSAအဖွဲ့ မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်နေရာ တစ်ဝိုက်မှ လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ
-- --- ---
 No photo description available.
မောင်တောမြို့နယ်၊ တောင်ပြို(ယာ) နယ်မြေရုံးမှ ကြိမ်ချောင်း နယ်မြေရုံးသို့ လုံခြုံရေးလိုက်ပါ ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးအား ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ဇီးပင်ချောင်း လမ်းဆုံနှင့် လိပ်ရလမ်းဆုံကြား၌ ARSA အဖွဲ့နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ယာဉ်မောင်း ရဲဒုတပ်ကြပ် ရှိုင်းထက်အောင်၏ ယာမျက်လုံးယမ်းငွေ့ ရိုက်သည့်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် အဆိုပါ နေရာအား တပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်းရှင်းလင်းလျက်ရှိကြောင်း ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

Image may contain: outdoor

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းရှာဖွေရာ တိုက်ပွဲဖြစ်ပွားသည့်နေရာ၏ အရှေ့တောင် ဘက် မီတာ ၅၀ ခန့်အကွာရှိ မိုင်းဆွဲသည့် တောင်ကုန်းနေရာမှ ၅ ဒသမ ၅၆ နှင့် ၇ ဒသမ ၆၂ ကျည်ခွံများ၊ လက်လုပ်မိုင်းတစ်လုံးတို့ကို တွေ့ရှိရကြောင်း၊ ထို့ပြင် တစ်ဖက်ပိတ်သံပိုက်အတွင်း ဘောစိနှင့် ယမ်းများထည့်သွင်းထားသော ကိုက် ၅၀ ခန့်ရှိ ဝိုင်ယာကြိုး တပ်ဆင်ထားသည့် အချင်း သုံးလက်မ၊ အရှည်သုံးပေခန့်ရှိ သံပိုက်လုံးတစ်လုံး၊ ဘက်ထရီအိုးဟောင်း သုံးလုံးတို့ကို လည်းကောင်း၊ တိုက်ပွဲဖြစ်နေရာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ တောင်ကုန်းပေါ်၌ ထမင်းထုပ်၊ ရေသန့်ဘူးခွံ၊ အနွေးထည်တစ်ထည်၊ သံတူရွင်းတစ်ချောင်းနှင့် ကျည်ခွံများ အားလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ မိုင်းထောင်ဖောက်ခွဲသူများအား ကြိမ်ချောင်းရဲစခန်း၌ အမှုဖွင့်ထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Credit - MOI

Image may contain: outdoor

0 comments:

Post a Comment