ပျော်ဘွယ်မြို့နယ်နှင့် သရက်မြို့နယ်တို့ရှိ ကျေးရွာများ၌ အဝီစိရေတွင်းများနှင့် ရေစုအုတ်ရေကန်များတူးဖော် ဆောက်လုပ်လှူဒါန်း
နေပြည်တော် ဧပြီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပိုကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ရှိ ပိတောက်ပင်ကျေးရွာတို့၌ နှစ်စဉ်နွေရာသီတွင် ရေရှားပါးမှုအခက်အခဲမရှိဘဲ သောက်သုံးရေရရှိစေရန် ရည်ရွယ်၍ မေတ္တာရေစင် ကျေးလက်ရေရရှိရေးအသင်းမှ တူးဖော်ဆောက်လုပ်ပြီးစီးခဲ့သည့် ၄ လက်မ အဝီစိရေတွင်းများနှင့် ရေဂါလန် (၃ဝဝဝ/၅ဝဝဝ)ဆံ့ ရေစုအုတ်ရေကန်များကို ကျေးရွာများသို့ ရေစက်ချလှူဒါန်းခြင်းနှင့် ရေစက်များဖွင့်ပွဲကို ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည်။
ဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ မိတ္ထီလာတပ်နယ်နှင့် ရမည်းသင်းတပ်နယ်တို့မှ တာဝန်ရှိသူများနှင့် အလှူရှင်များက ပိုကျေးရွာရှိ ရွာဦးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တူးဖော်ဆောက်လုပ်ပြီးစီးခဲ့သည့် ၄ လက်မ အဝီစိရေတွင်းများနှင့် ရေဂါလန် ၅ဝဝဝ ဆံ့ ရေစုအုတ်ရေကန်တို့ကို ရေစက်သွန်းချလှူဒါန်းပြီး စက်ရေတွင်းအား ရေဘားဖွင့်၍ ဖွင့်လှစ်ပေးသည်။
အလားတူ သရက်တပ်နယ်မှ တာဝန်ရှိသူများနှင့် အလှူရှင်များက သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာ ရွာဦး ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်၍လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တူးဖော် ဆောက် လုပ်ပြီး စီးခဲ့သည့် ၄ လက်မ အဝီစိရေတွင်းနှင့် ရေဂါလန် ၅ဝဝဝ ဆံ့ ရေစုအုတ်ရေကန်များကို ဆရာတော်ထံသို့ ရေစက်သွန်းချ လှူဒါန်းကြသည်။ ထို့နောက် စက်ရေတွင်းများအား ရေဘားဖွင့်၍ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment