Wednesday, April 24, 2019

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု...

 Image may contain: 2 people, people sitting and people eating
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု... 🙏🙏🙏
ရောက်ရာအရပ်ဒေသတိုင်းမှာ သာသနာပွင့်စေသူ...
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လာရောက်ဖူးမျှော်ကန်တော့
--------------------------


Image may contain: 5 people, people sitting

ရုရှားကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်နေကြသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ ညနေ (၅) နာရီတွင် မြန်မာထေရ၀ါဒဗုဒ္ဓ၀ိဟာရရှိ သံဃာတော်များအား လာရောက်ဖူးမျှော်ကန်တော့ကြပါသည်။
ထို့နောက် လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ မော်စကိုတွင် ဆောင်ရွက်နေဆဲဖြစ်သည့် ရွှေစည်းခုံစေတီတော်မြတ်တည်ဆောက်ရေးလုပ်ငန်းများ၊ ကျောင်းတိုက်အတွက်လိုအပ်ချက်များကို မေးမြန်းလျှောက်ပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများကို ဖြည့်စွက် လျှောက်ထားကာ ပြန်လည်ထွက်ခွါသွားကြပါသည်။
လာခြင်းကောင်း၍ ပြန်ခြင်းကောင်းသောခရီး ဖြစ်ပါစေဟုဆန္ဒပြုလိုက်ပါသည်။
….. သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ….

ဗုဒ္ဓစင်တာ - မော်စကို

Image may contain: 1 person, standing, sky and outdoor

Image may contain: 6 people, people standing, suit, tree and outdoor

Image may contain: one or more people and outdoor

0 comments:

Post a Comment